Part-84(ကောင်လေးစာမပြန်သောကြောင့် ကြေကွဲနေသောအစ်ကိုကြီး)

15K 1.9K 122
                                    

(Zawgyi)🍀🍀🍀🍀


Part-84
(ကိုယ်..ချစ်သော clover..!!..)

~ချစ်တယ်~

တိုတောင်းကာပြတ်ရှသော အသံဖိုင်လေးက စက္ကန့်
ပိုင်းသာကြာသည်။ လေးပင်ကာဆွဲဆောင်နိုင်စွမ်း
ရှိသောတစ်ဖက်မှအသံကြောင့် နားရွက်လေးများ
နီရဲသွားကာ မျက်နှာသေးသေးလေးသည်လည်း
ပူနွေးသွားရ၏။

ရွက်စိမ်း ယောင်ယမ်းကာအသံဖိုင်လေးကိုထပ်နှိပ်
လိုက်မိသည်။

~ချစ်တယ်~

ရွက်စိမ်း ဂုတ်ပိုးလေးအထိ အရောင်ပြောင်းကာ
ထိုင်နေရာမှမတ်တပ်ထရပ်လိုက်မိသည်။ အကုန်လုံး
၏ အကြည့်များက ရွက်စိမ်းဆီရောက်လာသောအခါ
ရွက်စိမ်း ခါးလေးညွတ်ကာတောင်းပန်လိုက်ပြီး..
နေရာတွင်ပြန်ထိုင်လိုက်သည်။ ရှက်စရာကောင်း
လိုက်လေခြင်း။

ရွက်စိမ်းဂုတ်ပိုးလေးကိုလက်နဲ့ပွတ်ကာ အနီရောင်
ပြောင်းနေသော မျက်နှာဘေးကိုလက်ကလေးဖြင့်
ဖုံးကွယ်ထားလိုက်သည်။ အရှိန်အဝါတစ်မျိုးဖြင့်
အသံကနားထဲတွင်ဘထပ်ကာထပ်ကာကြားယောင် လာသောရွက်စိမ်း၏ နားရွက်လေးနှစ်ခုသည်ထူပူ
လာပြီးနီရဲကာနေတော့၏။

"ရွက်စိမ်း ဘာဖြစ်လို့လဲ မျက်နှာတစ်ခုလုံးနီရဲ
နေတာဘဲ နေမကောင်းဘူးလား"

"မ..ဟုတ်ပါဘူး ဟီး.."

ရွက်စမ်းဘာလုပ်ရမှန်းမသိသောကြောင့် တိမ်ငယ်
ကိုရီသာပြလိုက်၏။တိမ်ငယ်က ရွက်စိမ်းကိုအကဲခတ် သလိုတစ်ချက်ကြည့်လာပြီး ​အဆင်ပြေမပြေ အတည်
ပြပြီးမှ ခေါင်းလေးငြိမ့်ကာ ဖတ်လက်စ စာအုပ်ကို
ဆက်ဖတ်နေသည်။

ရွက်စိမ်း အသက်ကိုပြင်းပြင်းရှူလိုက်ပြီး စိတ်တည်
ငြိမ်အောင်လုပ်နေရတော့သည်။ ထိုစဉ်အတန်းဝင်လာ
သော ဆရာကြောင့် ရွက်စိမ်းခါးလေးမတ်ကာ ကိုယ်
ကိုမတ်မတ်လေးထားလိုက်သည်။

လက်ထဲမှဖုန်းလေးကို အဝေးဆုံးနေရာသို့ပို့လိုက်
ပြီး ထပ်မကြည့်ရဲတော့ပေ။ ရွက်စိမ်း ဆရာပြောပြ
နေသော အကြောင်းအရာများတွင်သာ အာရုံစိုက်
နေလိုက်တော့သည်။ သစ်မိုးအိမ်ဆိုသော ရွက်စိမ်း၏ ကိုကိုသည်အတော်ကိုဆိုးလွန်းပါသည်။

Clover your'e my clover[Completed]Where stories live. Discover now