Part-47

23.4K 2.4K 278
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-47
(ကိုယ်​...ချစ်​​သော clover..!!..)

ဦးထက်​​နောင်​ မိမိ​ဘောလုံး​လေးဆီမှ
အပြန်​ ဖုန်းလာ​သော​ကြောင့်​ကြည့်​လိုက်
တော့ ​နှင်းဆီနီဆီမှဖြစ်​သည်​..။ဦးထက်​​နောင်
ဖုန်းကိုင်​လိုက်​​သည်​။

"ကိုထက်​​နောင်​ ကျွန်​မနှင်းဆီနီပါ...
ကိုထက်​​နောင်​ကို အား​တော့နာပါတယ်​ရှင်
နှင်းဆီ အကူအညီ​လေးတစ်​ခု​တောင်းချင်​လို့ပါ.."

"ဘာများလဲ မနှင်းဆီနီ ကျွန်​​တော်​ကူညီ
နိုင်​တာမျိုးဆို ကူညီပါ့မယ်​ဗျာ..."

"နှင်းဆီ မိတ်​​ဆွေတစ်​ချို့နဲ့ ပါတီရှိလို့
***** Bar မှာ အဲ့တာပြန်​ဖို့အခက်​အခဲ
လေးဖြစ်​​နေလို့ လာ​ခေါ်​ပေးလို့ရမလား..
မိတ်​​ဆွေ​တွေကဆွဲထား​တော့ နှင်းဆီလည်း
ထွက်​ရခက်​​နေတာ။ အိမ်​မှာသမီးရင့်​တစ်​​ယောက်
ထဲဆို​တော့ နှင်းဆီစိတ်​မချလို့ပါ.."

ဦးထက်​​နောင်​ ကိုယ်​တိုင်​လည်း စီးပွား​ရေး
သမားဖြစ်​​သော​ကြောင့်​ ထိုသို့​သောအ​ခြေအ​နေ
မျိုးကိုနားလည်​သည်​။ တစ်​ခါတစ်​​လေ မိုးလင်း
သွား​သောအဖြစ်​မျိုးပင်​ ဦးထက်​​နောင်​ ကြုံဖူး
သည်​..။ ​ဒေါ်နှင်းဆီနီက ဆက်​​ပြောလာသည်​။

"ကျွန်​မမှာလည်း အကူအညီ​တောင်းစရာ..
ကိုထက်​​နောင်​ဘဲရှိလို့ပါ..."

ယောက်ျားများသည်​ သူတို့ကိုအားကိုး​သော
မိန်းမသားများကို လစ်​လျူမရှုနိုင်​ကြ​သည်
ကို ​ဒေါ်နှင်းဆီသိ​သော​ကြောင့်​ထိုသို့​ပြော
လိုက်​ခြင်းဖြစ်​သည်​...။

"​ကောင်းပါပြီ ကျွန်​တော်​လာခဲ့ပါ့မယ်​...။
ကျွန်​​တော်​​ရောက်​​နေတဲ့​နေရာနဲ့ သိပ်​မ​ဝေးဘူး
ကျွန်​​တော်​ ​နောက်​၁၀မိနစ်​​လောက်​ဆို ​ရောက်
ပြီ မနှင်းဆီနီ..."

"​ကျေးဇူးတင်​ပါတယ်​ ကိုထက်​​နောင်
ကျွန်​မတို့က အခန်း၃မှာပါ..။ ထပ်​ပြီး​ကျေးဇူး
တင်​ပါတယ်​ရှင်​.."

"ရပါတယ်​ဗျာ မိတ်​​ဆွေ​တွေဘဲ ​ကျေးဇူးတင်
ဖို့မလိုပါဘူး..."

Clover your'e my clover[Completed]Where stories live. Discover now