Part-5

40.6K 3.6K 232
                                    

(Zawgyi)🍀🍀🍀🍀

Part-5
(ကိုယ်​...ချစ်​​သော Clover..!!..)

ဦးထက်​​နောင်​..မိုး​ဝေ ကိုမှာစရာ ရှိတာများ
ပြောပြီး​မှ အိမ်​ထဲသို့ ဝင်​လာလိုက်​သည်​...။

ဧည့်​ခန်းထဲတွင်​လဲ မရှိဘဲ ​​ပျောက်​ချက်​သား 
ကောင်း​နေ​သော သားဖြစ်​သူ ရွက်​စိမ်း
ပေါက်​စ ​ကြောင့်​ ဦးထက်​​နောင်​ အနားရှိ...
အလုပ်​သမား တစ်​ဦးကို ​မေးလိုက်​သည်​...။

"ရွက်​စိမ်း​ ​ရော..."

"ထမင်းစားခန်းမှာပါ သခင်​ကြီး..."

ဦးထက်​​နောင် ​အလုပ်​သမား​လေး ကို...
အလုပ်​ဆက်​လုပ်​ရန်​ ​ပြောလိုက်​ရင်း ​ခေါင်းသာ
ခါမိသည်​...။

မိမိ ၏ ရွက်​စိမ်း​ပေါက်​စ သည်​ လူတစ်​ကိုယ်​လုံး
လုံးတစ်​နေသည့်​အပြင်​ ​ပါးနှစ်​ဖက်​မှာလည်း...
ကိုက်​ချင်​စရာ ​ကောင်း​အောင်​ ​ဖောင်းအိ​နေ​သေး
သည်​မှာ နီနီရဲရဲ ပန်းသီးခြမ်းများကို ပါးတွင်​ကပ်
ထားသလိုပင်​...။

ပါးစပ်​ပိစိ​လေးသည်​ အဆက်​မပြတ်​ စားနိုင်
လွန်း​သော ​ကြောင့်​ ​ဘောလုံး​လေးနှင့်​ပင်
တူ​နေပြီ ဖြစ်​သည်​..။

ဒါလည်း တစ်​မျိုး​ကောင်းတာပင်​...
မိမိနှင့်​ လမ်း​လျောက်​ထွက်​​သော အချိန်​များ
တွင်​ လက်​တွဲကာ ​ခေါ်သွားရန်​မလို​တော့...။
ဘောလုံး​လေး လို လှိမ့်​ကာ ​ခေါ်သွားမည်​။

ဦးထက်​​နောင်​ အ​တွေးနှင့်​အတူ...
သ​ဘော​ခွေ့သွားရသည်​...။

ဦးထက်​​နောင်​ နာရီကြည့်​လိုက်​​တော့...
၉နာရီပင်​ ထိုး​နေ​လေပြီ...။ ၁၀ နာရီတွင်
နိုင်​ငံခြားမှ ရင်းနှီးမြုပ်​နှံသူ တစ်​ဦးနှင့်
ချိန်းထား​သော​ကြောင့်​ Company သို့..
ပြန်​သွားရမည်​ ဖြစ်​သည်​..။

ဦးထက်​​နောင်​ ​ရင်းနှီးမြုပ်​နှံသူနှင့်​ ​ညှိနှိုင်း
ရန်​ ပြင်​ဆင်​ထားသည့်​ စာရွက်​စာတမ်းများ
ယူရန်​ အ​ပေါ်ထပ်​ရှိ မိမိအခန်းသို့ ဦးတည်
လိုက်​သည်​...။

ကုတင်​​ဘေး ကျွန်းစားပွဲ​ပေါ်ရှိ စာရွက်​စာတမ်း
များကို ယူလိုက်​ကာ ဦးထက်​​နောင်​ သည်​...
တိကျ​သောသူ ဖြစ်​​သော​ကြောင့်​ တစ်​​ခေါက်
ပြန်​စစ်​​ဆေး လိုက်​သည်​...။

Clover your'e my clover[Completed]Where stories live. Discover now