* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၂၂ *“ ပြောပါဦး သူငယ်ချင်းကောင်းကြီးရဲ့ မင်းနဲ့ငါ့ကြားမှာ ဘာအကန့်တွေရှိခဲ့လို့လဲ ”
ခက်ထန်နေတဲ့မျက်ဝန်းတစ်စုံနဲ့အတူ ပြောလိုက်မိတဲ့ စကားအဆုံး မင်ဂျွန်းဆီက ရီသံသဲ့သဲ့ထွက်လာသည်။
“ ခွေးကောင် ရီမနေနဲ့ ငါမင်းကိုမသတ်ခင် .. ”
အနားက မင်ယွန်ဂီက ဒေါသတကြီးဝင်ပြောတော့ ထယ်ယောင်းတားလိုက်မိသည်။
“ အဟက်! ကင်ထယ်ယောင်း ငါက မင်းကို ကယ်ဖို့ကြိုးစားနေတာလေကွာ မင်းပိတ်မိနေပါတယ်ဆိုတဲ့ ဂျောင့်လက်ထဲကကယ်ဖို့ကြိုးစားခဲ့တာလေကွာ ”
“ ကယ်ဖို့!! မှားနေပြီ ငါနဲ့ပတ်သတ်တဲ့လူတိုင်းကို မင်းသေစေခဲ့တာလေ ပထမကမီနာ ဒုတိယက မမဂျင်ဆို အဲ့ဒါအပြင် ဂျီမင် !! မင်း ငါ့ဆီက ဘာလိုချင်နေတာလဲ လီမင်ဂျွန်း ”
သူမေးတော့ မင်ဂျွန်းက ခနဲ့သဲ့သဲ့ရယ်သည်။ ဒါ သူမမြင်ဖူးတဲ့မင်ဂျွန်းရဲ့ပုံစံအစစ်တွေဖြစ်ပါလိမ့်မယ်။
“ မီနာကို ငါခြိမ်းခြောက်ရုံလောက်ပဲလုပ်ခဲ့တာ သေသွားတာက သူ့ကံနဲ့သူပဲ ပြီးတော့ ဂျင်ဆို... ဂျင်ဆိုကို မသေနိုင်လောက်အောင်ပဲလုပ်ခဲ့တာပါ သူ့ဘေးကအကောင်သာ ငါ့ကိုမြင်မသွားခဲ့ဘူးဆိုရင် ကားအက်စီးဒင့်ဖြစ်အောင် ဖန်တီးစရာအကြောင်းမရှိဘူး ပြီးတော့ ဂျီမင်!! ဂျီမင်က မင်းအကန့်နဲ့မဆိုင်ဘူး ငထယ်”
ထိုစကားအဆုံး ယွန်းဂီကို စူးစူးနင့်နင့်ကြည့်လာတဲ့ မင်ဂျွန်း။
“ ငါမေးနေတာ ဒါမဟုတ်ဘူး ငါမေးနေတာ ငါ့ဆီကဘာလိုချင်နေတာလဲလို့ ဂျောင်ကိုမကျေနပ်ရင် ဂျောင့်နဲ့တိုက်ရိုက်ရှင်း! ဘာဖြစ်လို့ ငါဖြစ်နေရတာလဲ အပြစ်မရှိတဲ့သူတွေကိုဘာလို့ လိုက်ဒုက္ခပေးနေရတာလဲ လူသတ်ကောင်ရဲ့ ”
YOU ARE READING
Under The Moonlight Dream【 Completed 】
Fanfiction𝗔 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 𝗩𝗸𝗼𝗼𝗸 𝗙𝗶𝗰𝘁𝗶𝗼𝗻 " ℎ𝑒𝑦 𝑏𝑜𝑦 , 𝑖 𝑑𝑜𝑛'𝑡 𝑙𝑜𝑣𝑒 𝑦𝑜𝑢 " " 𝑖𝑡'𝑠 𝑜𝑘𝑎𝑦 𝑛𝑜𝑡 𝑡𝑜 𝑙𝑜𝑣𝑒 𝑚𝑒 𝑏𝑢𝑡 𝑓𝑖𝑛𝑎𝑙𝑙𝑦 𝑦𝑜𝑢 𝑚𝑢𝑠𝑡 𝑐𝑜𝑚𝑒 𝑏𝑎𝑐𝑘 ℎ𝑜𝑚𝑒 𝑐𝑢𝑧 𝑖'𝑙𝑙 𝑏𝑒 𝑦𝑜𝑢𝑟 ℎ𝑜𝑚𝑒, 𝐻𝑦�...