Episode 04

5.9K 552 61
                                    


* Unicode *
* လရောင်လွှမ်းသောအချစ်အိပ်မက် *
* အပိုင်း ၀၄ *


" ပန်းတစ်စည်းပေး "

" ဟုတ်ကဲ့ ဧည့်သည် ကောင်မလေးအတွက်လား ဘယ်လိုပန်းအမျိုးအစားကို လိုချင်ပါသလဲရှင် "

" ပန်းဖြစ်ရင်ပြီးပြီ ကြိုက်တဲ့ပန်းနဲ့ကြိုက်သလိုစည်း ပန်းပါရင်ရပြီ "

သူပြောတော့  ကောင်မလေးက ထိတ်ထိတ်လန့်လန့်ကြည့်သည်။ ရှည်ရှည်ဝေးဝေးပြောမနေချင်တော့ဘဲ ကျသင့်ငွေရှင်းကာ ကောင်မလေးဆီက ပန်းကိုလှမ်းယူလိုက်သည်။ ဘာပန်းလဲ ဘာအဓိပ္ပါယ်လဲ ဘာအမျိုးအစားလဲ ဘာအရောင်လဲ ဝေခွဲမနေချင်တော့။ သူ့လက်ထဲမှာ ကိုင်လာခဲ့တာ အဖြူရောင်ပန်းတစ်စည်း။

သူ့ခြေလှမ်းတွေက ဆိုးလ်အမျိုးသားအထက်တန်းကျောင်းဆီသို့... ။  ဘွဲ့ယူနေတဲ့ ကျောင်းသားတွေ ကိုယ်စီကိုယ်စီနဲ့ ဓာတ်ပုံရိုက်နေကြပေမဲ့ သူကတော့ နှုတ်ခမ်းမဲ့လိုက်ရင်း သူ့ဘဝရဲ့အထက်တန်းပြီးတဲ့နေ့ဆီ တခဏတာပျံ့လွင့်မိသည်။


အဲ့ဒီ့နေ့က သိပ်ကိုပျော်ရွှင်ခဲ့ရတာ...
ချစ်ရတဲ့အမေ အနားမှာမရှိခဲ့ပေမဲ့ ဘေးတစ်ဖက်တစ်ချက်မှာတော့ ချစ်ရတဲ့အဖေနဲ့ ချစ်ရတဲ့ချစ်သူ အနားမှာရှိနေခဲ့သေးသည်။ အမြဲတမ်းအလုပ်ရှုပ်တဲ့အဖေဟာ အဲ့ဒီ့နေ့က သူ့ဘေးနားမှာအတောက်ပဆုံးပြုံးနေခဲ့သည်။ အဲ့ဒီလိုပဲ ချစ်ရပါတဲ့တစ်ဦးတည်းသောချစ်သူကလဲ ဂုဏ်ယူတဲ့အကြည့်နဲ့ ကြည့်နေခဲ့သည်။

ဒါပေမဲ့  အမှတ်တရတွေက နည်းနည်းတော့ခါးသည်။ သိပ်မကြာတဲ့ အချိန်ကပဲ တစ်နေ့တည်းနဲ့ သူ့ဘဝရဲ့ ထိုလူနှစ်ယောက်ကို ဆုံးရှုံးခဲ့ရသည်။

ပထမသိရတဲ့သတင်းက အဖေဆုံးပြီတဲ့... အမှုလိုက်ရင်း ရာဇဝတ်ကောင်က အဖေ့ကို သေနတ်နဲ့ပစ်ခတ်ခဲ့သည်တဲ့။ ထပ်ပြီး အဲ့ဒီ့ဈာပနာရဲ့ ညမှာ ထပ်ဆုံးရှုံးလိုက်ရတာက ချစ်ရတဲ့လူသားဆီက သွေးအေးအေးနဲ့ပြောတဲ့စကား။
ဘာတဲ့ " လွယ်လွယ်ရလို့ လွယ်လွယ်စားခဲ့တာ "

Under The Moonlight Dream【 Completed 】Where stories live. Discover now