Episode 06

4.6K 465 49
                                    


* Unicode *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၀၆ *


" ( ဒုန်း ) "

အခန်းတံခါးဆွဲပိတ်ပြီးတာနဲ့   ဒီဘက်ပြန်လှည့်မိတော့ ရှပ်အင်္ကျီကို ဆွဲချွတ်ပြီး မင်သေသေနဲ့ ရပ်နေတဲ့ကောင်လေး။ သူ့ကိုလဲ မကြည့်သလို ဘာစကားမှလဲ တစ်ခွန်းမှ မပြော။ သိပ်ကို ခေါင်းမာလွန်းတဲ့ကောင်လေး။


" ဒါက ဘာလဲ ပက်ဂျီမင်း "


အပေါ်ပိုင်းဗလာနဲ့မို့ စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ သူမေးလိုက်မိပေမဲ့ ဂျီမင်းကတော့ ခံစားချက်မဲ့တဲ့မျက်ဝန်းတွေကို တမင်ဖန်တီးယူရင်းသူ့ကိုကြည့်သည်။


" လိုချင်တာယူလေ ... ပြီးရင် လွှတ်ပေး ... ဈေးကတော့ပုံမှန်အတိုင်းပဲ ...
မင်....ယွန်....ဂီ "

သူ့နာမည်ကိုတစ်လုံးချင်းစီခေါ်ပြီး ထိန်းချုပ်ထားတဲ့စိတ်ကို လာဆွနေတာမို့ ဒေါသထွက်ထွက်နဲ့ လက်မောင်းရင်းကနေ ဆွဲကိုင်ကာ အိပ်ယာပေါ်ကိုလှဲချမိသည်။

" ဘာလဲ ... ဟိုနှစ်ကောင်နဲ့ သာယာမဝလို့ .... ခါးသီးပါတယ်ဆိုတဲ့ ငါ့ဆီမှာပါ တောင်းဆိုနေပြီပေါ့လေ ပက်ဂျီမင်း ... "


ပြောရင်းဆိုရင်း ဒေါသတွေက ထိန်းမနိုင်တာမို့ တစ်ချိန်က နစ်ဝင်နေအောင် နမ်းခဲ့ဖူးတဲ့ပါးဖောင်းဖောင်းနှစ်ဖက်ကို လက်တစ်ဖက်နဲ့ အတင်းညစ်မိသည်။


" .... ငါ တလလေးပဲ .... တလလေးပဲ အနားမှာမရှိတာကို မင်းက ကင်ထယ်ယောင်းနဲ့ တွဲရဲတယ်!!! ပက်ဂျီမင်း ....  သူက ဘာများကောင်းနေလို့လဲ ... သူက မင်းကို ဘာစောင့်ရှောက်မှုတွေပေးနိုင်လို့လဲ .... နောက်ကွယ်မှာ သူ့ကြောင့် မင်း ထိခိုက်ရတာ သိသိချည်းနဲ့ ဘာလို့ ကပ်တွယ်နေတာလဲ ... မဟုတ်မှ ... သူ့ဆီက ဘာတွေရနေလို့လဲ ... "

Under The Moonlight Dream【 Completed 】Where stories live. Discover now