"ကစားကွင်းက ဘယ်​နားမှာလဲ ရွက်​စိမ်းရ.."

"အဲ.. အဲဒါက.."

တစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​ကြည့်​ရင်း
ငို့မဲ့မဲ့​လေး ဖြစ်​သွားကြသည်​။ တစ်​စီးပြီးတစ်​စီး
သွား​နေ​သော ဘတ်​(စ်​) ကား​ရောင်​စုံများကို
ကြည့်​ရင်း ပြိုင်​တူသက်​ပြင်းချမိသည်​...။

"တိမ်​ငယ်​.. အဲ့ကား​တွေက ဘယ်​ကို​ရောက်​လဲ
မသိဘူး​နော်​..."

"ငါလဲမသိဘူး ရွက်​စိမ်း.."

နှစ်​​ယောက်​သား တိတ်​ဆိတ်​သွားကြပြန်​သည်​။
ရွက်​စိမ်း၏ အကြည့်​များသည်​ အခုထိကားမှတ်
တိုင်​တွင်​ ရှိ​နေ​သေး​သော မမလှလှတို့အုပ်​စုဆီ
သို့​ရောက်​သွား​လေသည်​။ မမလှလှတို့က ...
လက်​ထဲမှ​ဖုန်းကိုကြည့်​ရင်း အချင်းချင်း စကား
ပြော​နေကြသည်​..။

"လွှာလွှာကလည်း ကြာလိုက်​တာဟယ်​...
အဲ့မိန်းမ လာကြည့်​ သရဲအိမ်​ထဲဝင်​ရင်​အတင်း
ချုပ်​ပြီး.​ခေါ်သွားပြစ်​မယ်​။ မိလွှာ မျက်​နှာဆိုးကြီးနဲ့ 
အော်​ငိုမှာ ကို​တွေးပြီး ငါ​တော့ ခွီချင်​​နေပြီဟယ်​..."

မမလှလှတစ်​​ယောက်​၏ စကားကို ကျန်​မမက
တခွိခွိရီရင်း ဆက်​​ပြောလာသည်​...။

"​ငါ​တော့ မြှားပြစ်​တဲ့​နေရာအရင်​သွားမယ်​.."

"ငါက​တော့..အစားအ​သောက်​ဘဲ စိတ်​ဝင်​စား
တယ်​။.နင်​တို့က ​ရှေ့က ကစားချင်​တာလိုက်
ကစားကြငါက မုန့်​စားရင်း လိုက်​​စောင့်​​ပေးမယ်​.."

"မိလွှာ ​နောက်​ဆုံး​တော့​ပေါ်​တော်​မူလာပြီ​နော်​...
ကစားကွင်းသွားမှာကို မကစားဘူးတဲ့ ဟွန့်​...
မိန်းမ နင့်​ဟာက ဘယ်​လိုကြီးလဲဟယ်​..."

"ဘာမှလာမ​ပြောနဲ့ လွှာလွှာတို့က​တော့...
အစားအ​သောက်​မှ အစားအ​သောက်​ဘဲဟဲ့..."

မမလှလှတို့သုံး​ယောက်​သည်​ သူမတို့၏စကား​များ
ကို နားစွင့်​ကာ မျက်​လုံးဝိုင်းကြီးများဖြင့်​ က​လေး
နှစ်​​ယောက်​ကို​တော့  သတိမထားမိ​ပေ။
အ​သေး​ကောင်​နှစ်​​ယောက်​သည်​ နားရွက်​ရှည်​ရှည်
လေးများရှိ​သော ယုန်​​လေးများသာ ဆိုပါက...
နားရွက်​​လေးများက တလှုပ်​လှုပ်​ဖြစ်​​နေမှာ..
အမှန်​ပင်​။ ရွက်​စိမ်း ​ဘေးကတိမ်​ငယ်​ကို...
ကြည့်​လိုက်​​တော့ တိမ်​ငယ်​က​လည်း နားလည်​စွာ
ခေါင်းငြိမ့်​ပြလာသည်​..။

Clover your'e my clover[Completed]Where stories live. Discover now