အပိုင်း ၁၀

10.7K 1K 32
                                    

Unicode
ညနေကျောင်းဆင်း သူ ဆရာသေးသေးကိုရှာကြည့်မိသည်။

တူတူပြန်ရမလားဆိုတဲ့မျှော်လင့်ချက်ရောင်ခြည်လေးနဲ့ ဆရာသေးသေးကိုကျောင်းပေါက်ဝကနေစောင့်နေလိုက်သည်။

ကျောင်းသားတွေတစ်စုပြီးတစ်စုသာထွက်လာတယ် ဆရာသေးသေးကတော့ အခုထိထွက်မလာသေးပေ။

ဆရာသေးသေးများ အရေးအခင်းကြုံနေရလို့လား?။

ကျောင်းဝင်းထဲတွင် ကျောင်းသားတစ်စ၊နှစ်စရှိနေသေး၍ ကျောင်းတံခါးမပိတ်သေးပေ။ဆရာသေးသေးရှိလောက်မယ့် နေရာတွေကို ရှာကြည့်သည်။ပထမနှစ်ရဲ့ အခန်း( ၃ )နားမှာရပ်နေတဲ့ဆရာသေးသေးနဲ့ဆရာမတစ်ယောက်ကိုတွေ့တော့ လှေကားအကွယ်နားတွင် ဝင်ပုန်းလိုက်သည်။

ထို့နောက် သူတို့၏စကားပြောသံတွေအပြီး တစ်ခဏတာ တိတ်ဆိတ်သွားတာကြောင့် ဒင်းတို့နှစ်ယောက်ဘာလုပ်နေလဲဆိုတာ ချောင်းကြည့်လိုက်သည်။

ဆရာသေးသေးက ဆရာမကို
ဖက်ထားသည်။

အဲ့မြင်ကွင်းက ကျွန်တော့်ရင်ကို ဗလောင်ဆူစေသည်။

ဘာလို့လဲ ဘာဖြစ်လို့ဒီလိုမျိုးကြီးဖြစ်နေရတာလဲ?။

ဒါမင်းရဲ့ပုံစံမဟုတ်ဘူးလေ Jungkookရဲ့။

ဘာလို့ ဒီနေရာက နာကျင်ရတာလဲ? ဘာလို့လဲ?။

ရင်ဘတ်အစုံကို လက်ဖြင့်ဖိကိုင်ကာ ထိုနေရာမှအသံတိတ်ထွက်လာခဲ့သည်။

မျက်ရည်များက ပိုးပိုးပေါက်ပေါက်ကျလာပြီး တာကျိုးသကဲ့သို့ စီးကျလာသည်။

ထိုမြင်ကွင်းက ကျွန်တော့်ကိုအဲ့လောက် နာကျင်စေတာလား?။ဝမ်းနည်းစေတာလား?။

အိမ်အပြန်လမ်းတစ်လျှောက် ထိုအတွေးတွေများက ကြီးစိုးနေပြီး တစ်လမ်းလုံးလည်းငိုခဲ့သည်။

ဒီခံစားချက်ကြီးက ဘာလို့ဖြစ်လာတာလဲ?။

ဧကန္တ သူ ဆရာသေးသေးကိုများ____
ဟင့်အင်း! မဖြစ်နိုင်ဘူး!။

"မဖြစ်နိုင်ဘူး!!!''

ကျွန်တော့်ရဲ့အော်သံကြောင့် ပတ်ဝန်းကျင်ကလူတွေက ကျွန်တော့်ကို ကွက်ကြည့်ကြည့်လာကြသည်။

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now