အပိုင်း ၄

14.4K 1.2K 29
                                    

Unicode
Jungkook အိမ်ပြန်ရောက်တော့ ရေမိုးချိုးထမင်းစားပြီး မလာသေးတဲ့ဆရာကို ဂိမ်းဆော့ရင်း စောင့်နေသည်။

"Jungkook သား!ဒီမှာ ဆရာလာပြီ အောက်ဆင်းခဲ့!''

"သူလာတာကို ကြိုဆိုရအုံးမှာလား အမေတို့က တကယ့်ကိုပဲ''

ခွေး​ပြေးဝက်ပြေး​ပြေးရမယ့် ဆရာ့အဖြစ်ကိုမြင်ယောင်ရင်း Jungkookအောက်ထပ်သို့ လေးပင့်စွာဆင်းလာသည်။

"ဆရာရယ် ကျွန်မသားလေးကို သင်ပြပေးပါအုံးနော်''

"ဟုတ်ကဲ့ပါ အန်တီ''

"သား ဆရာ့ကိုနှုတ်ဆက်လိုက်အုံးလေ''

"ကျွန်တော့်နာမည်က Jeon Jungkookပါ ဆရာက-''

"ဆရာသေးသေး!!!''

"သားက ဆရာ့ကိုသိနေတာလား''

"ဒါကဒီလိုရှိတယ် အဖေရဲ့„ဆရာ လာ ကျွန်တော့်အခန်းက အပေါ်ထပ်မှာ''

"အင်း''

ဆရာသေးသေးက အဖေ့အသိမိတ်ဆွေဆရာမှန်းမထင်ထားဘူး။

ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်။

"ဒီနေ့ ဆရာ့ဘာသာကနေစသင်မယ်''

"စာမေးပွဲကြီးဆိုတာ ဘဝတစ်ခုမဟုတ်ပါဘူးဆရာသေးသေးရယ် နောက် စာဆိုတာကလည်းကျက်ပြီးရင် ဗိုက်ဝတာမှမဟုတ်တာ အချိန်ကုန်လူပင်ပန်းတဲ့အလုပ်တွေ
မလုပ်ချင်စမ်းပါနဲ့ ဆရာရယ်''

ကတောက်!

"အားးးး! ခင်များ!''

"ဘာမှလာခင်မများနဲ့ စာအုပ်ထုတ်''

"စိတ်ချည်းပဲ ထုတ်ဆိုလည်း ထုတ်မှာပေါ့ ကောင်းကောင်းမွန်မွန် ပြောပါ့လား
ဘာကိစ္စလက်ကပါလာတာလဲ''

"မင်းက လက်မပါရင်ကို မရ​တော့တာ''

"နာတာပေါ့ သူများသားသမီးကို ခေါက်ချင်တိုင်းခေါက်လို့ရလား''

"ငါလည်းဘယ်ခေါက်ချင်ပါ့မလဲ မင်းမှစကားနားမထောင်တာ ကဲ စာအုပ်ထုတ်တော့''

"ခဏ ကျုပ်ပြောစရာရှိတယ်''

"ဘာကျုပ်လဲ!''

"ကျွန်တော် ကျွန်တော် ကျွန်တော်
အားချည်းပဲ ခင်များက''

"ပြောပြော ဘာပြောမှာလဲ''

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now