အပိုင်း ၇

11.6K 1.1K 33
                                    

Unicode
"ဘာလုပ်ဖို့ ခေါ်လာတာလဲ''

"ဒီမှာ ပိုက်ဆံအိတ်ဖွင့်မရလို့''

"အဲ့တာလေး ဖွင့်ခိုင်းဖို့ ဒီလိုပုံစံနဲ့ခေါ်လာရသလား လက်တွေပါနာတယ်''

"ဒီလိုပုံစံနဲ့ မခေါ်လာရင် ဘယ်လိုပုံစံနဲ့ ခေါ်လာရမှာလဲ ဘာလဲ ပွေ့ချီပြီးတော့ ခေါ်လာရမှာလား''

"ဒီမှာ သေချာကြည့်ထား နောက်ခါဖွင့်တတ်ရအောင်''

"လွယ်လွယ်လေးပါပဲ''

"လွယ်လွယ်လေးပဲ မင်းက တမင်မဖွင့်တတ်ချင်ယောင်ဆောင်တာလား''

"ဘာလို့! အဲ့...အဲ့လိုဖြစ်စရာလား''

"ဟုတ်လို့လား''

"ဟုတ်ပါတယ် အခု ကျုပ်တို့ မုန့်ဆိုင်သွားကြမလား''

"ငါ မလိုက်တော့ဘူး''

"မလိုက်ချင်လည်း လိုက်ခဲ့''

"ခဏလေးနေပါဦး ပြောတော့ မင်းလက်က နာနေတယ်ဆို''

"အဲ့...အဲ့ဒါက ခဏက နာတာလေ အခု
မနာတော့ဘူး''

"ဟုတ်ရဲ့လား မှန်မှန်လိမ်နော်''

"ဘာကိုလိမ်ရမှာလဲ အမှန်အတိုင်းပဲပြောနေဟဲ့ဟာ​ကို''

"ဟုတ်ပါပြီ''

မုန့်ဆိုင်သို့ ​ခြေဦးလှည့်ကြသော ဆရာ
တပည့်နှစ်ယောက်။

"Bananan milk ယူမယ်မလား''

"ယူမှာပေါ့ ခင်များ မနေ့တုန်းက သောက်လိုက်လို့ ကျုပ်တောင်မသောက်လိုက်ရဘူး''

"အခုဝယ်ပေးတယ်လေ ကျေပြီပေါ့''

"ပိုက်ဆံ ခင်များရှင်းရမှာနော်''

"အေးပါ ငါရှင်းပါ့မယ်''

"အန်တီ ဒါတွေဘယ်လောက်ကျလဲ''

"သားတို့ ဘိုးတွေကို ကောင်လေးတစ်ယောက်က ရှင်းပေးလိုက်ပြီ''

"နောက် ဒီမုန့်တွေကိုရော ဒီကဆရာကိုပေးပေးပါတဲ့''

"ဝါးးးးး မုန့်တွေအများကြီးပဲ''

"အဲ့လောက် ငတ်ပြတ်နေမှန်း မထင်ထားဘူး''

"မင်းနော် ဆရာ့ကိုဒီလိုပြောစရာလား''

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now