အခန်း ၁၅၇

Start from the beginning
                                    

လူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခဲ့လို့သာ Lady Rebecca က ဒီနံရံနောက်မှာပိတ်မိနေတဲ့ လူတွေကြားမှာ ရနိုင်တဲ့ အဆင့်အမြင့်ဆုံး အကောင်းဆုံးအမျိုးသမီး အဆင့်အတန်းကို ရခဲ့တာဖြစ်သည်. အခု. သူမက ဒီထက်ပိုပြီးလိုချင်နေတာကြောင့် သူမက လောဘကြီးတယ်လို့ ပြောတာ အံ့ဩစရာမရှိပေ.

Poliana ပြန်ဖြေလိုက်သည်.

"Lady Rebecca, မင်း ဒီအကြောင်းတွေကို တခြားလူတွေကို မပြောသင့်ဘူး. ဒါက အရမ်းအန္တရာယ်များတဲ့ အကြောင်းအရာပဲ"

"ကျွန်မ မပြောပါဘူး! ကျွန်မ အခုအချိန်အထိ ဘယ်သူ့ကိုမှ မပြောခဲ့ဖူးဘူး! ကျွန်မရဲ့ ညီမနဲ့ ကျွန်မရဲ့ အမေကိုတောင် မပြောခဲ့ဖူးဘူး.. ဒါပေမဲ့ အခုတော့ ကျွန်မ ရှင့်ကို အားလုံးပြောခဲ့မိတယ် Marquess Winter"

သူမက ဧကရာဇ်ရဲ့ဇနီးဖြစ်နေတာကြောင့် Rebecca ရဲ့ စိတ်ကူးဟာ သူမကို ဒုက္ခရောက်သွားစေနိုင်သည်. Rebecca က ဒီကမ္ဘာကြီးကို ပြောင်းလဲချင်နေပေမဲ့ Lucius ကတော့ သူ့ရဲ့တိုင်းပြည်အသစ်ကို နှောင့်ယှက်မှုတွေ မရှိပဲ တည်ငြိမ်အေးချမ်းအောင် ကြိုးစားအားထုတ်နေသည်. အနည်းငယ်ပြောင်းလဲမှုတွေကတောင် သူ့ရဲ့ အာဏာနဲ့ ဩဇာသက်ရောက်မှုကို အန္တရာယ်ဖြစ်စေနိုင်သည်.

ပြီးတော့ သူက အရမ်းအလွန်အကျွံလုပ်မှုကြောင့် သေဆုံးသွားလိမ့်မည်.....

Poliana က နောက်ထပ်သကြားခဲတစ်ခဲကို သူမရဲ့ လက်ဖက်ရည်ထဲ ထည့်လိုက်သည်. တိုက်ကြီးတစ်ခုလုံးကို စုစည်းပြီးတဲ့နောက်မှာ သကြားဝယ်ယူဖို့က ပိုမိုလွယ်ကူလာသည်. ဒါက တိုင်းပြည်တွေ စုစည်းပြီးတဲ့နောက် Poliana ရဲ့အကြိုက်ဆုံး အပြောင်းအလဲဖြစ်သည်. ကြံပင်တွေအများကြီးစိုက်ဖို့က ခက်ခဲကြောင်း Rebecca က သူမကို ပြောခဲ့ဖူးသည်. ချိုမြတဲ့သီးပင်စားပင် တွေကို စိုက်ပျိုးဖို့က ပိုတောင် ခက်ခဲပြီး အရသာရှိတဲ့ သီးပင်စားပင်တွေ ပိုမိုစိုက်ပျိုးလာနိုင်တာကြောင့် Poliana က ပျော်ရွှင်ခဲ့သည်.

Poliana က လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်. အဲ့အရသာက ချိုအီပြီး စေးကပ်ကပ်ဖြစ်နေသည်. အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့ Poliana က အမျိုးသမီးကို ပြောလိုက်သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now