အခန်း ၁၅၆

Começar do início
                                    

နံရံနောက်မှာ ပိတ်မိနေတဲ့သူတွေကပဲ Lady Rebecca လို တွေးမိမှာဖြစ်သည်. ဒီအတားအဆီးကနေ လွတ်မြောက်သွားတဲ့လူတွေကတော့ ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ပေ. တကယ်လို့ အခုအချိန်မှာ Poliana က အခန်းထဲကနေ ထွက်သွားခဲ့ရင် Lady Rebecca က ဒီအကြောင်းကို ဘယ်တော့မှ ပြောလာတော့မှာ မဟုတ်ပေ. Poliana ရဲ့ဘဝကလဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာ ဖြစ်သည်.

Rebecca သူမကို ဘာတွေပြောခဲ့လဲဆိုတာကို Poliana မှတ်မိနေသည်. ဧကရာဇ်ရဲ့ ဇနီးသုံးယောက်ထဲမှာ Stra က သူမကို သဘောအကျဆုံးလို့ သူမပြောခဲ့သည်. Poliana သူမဆီကို သွားလည်တော့ Stra ပျော်ရွှင်စွာနဲ့ ပြုံးပြခဲ့သည်. သူမဇာတိမြေက တခြားအထက်တန်းလွှာအမျိုးသမီးတွေလဲ သူမဆီကို သွားလည်ကြမှာဖြစ်ပေမဲ့ Poliana သူမဆီကို သွားလည်ချိန်မှာတော့ Stra အတွက် အပျော်ဆုံးဖြစ်သွားပုံရသည်. Poliana က သူမကို နားလည်နိုင်မှာပဲလို့ Straက ယုံကြည်နေတာကြောင့်လဲ ဖြစ်နိုင်သည်. ဝမ်းနည်းမှုတွေ ပူဆွေးမှုတွေ... Poliana က သူမကို စာနာမိမှာပဲလို့ Stra ယုံကြည်ခဲ့မိပုံရသည်.

Rebecca သူမကို ပြောခဲ့တာက လုံးဝထိတ်လန့်စရာအတွေးအခေါ်တစ်ခုဖြစ်ပေမဲ့ ဒီကမ္ဘာကြီးမှာ မရေမတွက်နိုင်အောင် များပြားတဲ့ အတွေးအခေါ်အသစ်တွေလဲ ရှိနိုင်သေးသည်. ဒါပေမဲ့ Poliana က အဲ့တာတွေ အကုန်လုံးကို နားထောင်ဖို့ မလိုအပ်ပေ. အဲ့တာက အမျိုးသမီးတစ်ယောက်ရဲ့ စကားတွေပဲဖြစ်သည်.

အမျိုးသမီးတစ်ယောက်တည်းရဲ့ စကားတွေ....

ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အတွေးအခေါ်တွေက မိခင်တစ်ယောက်ရဲ့ အတွေးအခေါ်ဖြစ်သည်. အမျိုးသမီးတစ်ယောက်ရဲ့ စကားလုံးတွေက အဘွားတစ်ယောက်ရဲ့ စကားတွေဖြစ်ခဲ့သည်. အမျိုးသမီးတိုင်းက တစ်ယောက်ယောက်ရဲ့ သမီး, ညီအစ်မ, အမေ နဲ့ အဘွားတွေဖြစ်ခဲ့သည်. ဒါဆို လူတွေက အမျိးသမီးတွေရဲ့ စကားကို နားမထောင်သင့်ဘူးလို့ ပြောနေချိန်မှာ အမေက အကုန်လုံးကို သိတယ်လို့ ဘာလို့ ပြောနေကြတာလဲ? ဒါက ဘယ်လိုတောင် ရူးမိုက်တဲ့ အတွေးအခေါ်လဲ.

ဒါကြောင့် Rebecca ပြောချင်တာတွေကို နားထောင်ပေးဖို့ Poliana က ဆုံးဖြတ်လိုက်သည်. သူမ အားလုံးကို နားထောင်ပေးမယ်. Rebecca တခြားသူတွေကို မပြောနိုင်တဲ့စကားတွေ... Poliana တစ်ယောက်တည်းကိုသာ ထုတ်ပြောမိတဲ့ စကားတွေ...

Emperor and the Knightness (Zawgyi) Book - 1Onde histórias criam vida. Descubra agora