Ohh oh my lord..."23"

18.4K 2.4K 326
                                    

#unicode
#zawgyi

ဒီရက်ပိုင်းအတွင်းပြပွဲ အတွက်အလုပ်လုပ်ထားတဲ့ ဒဏ်ရော ​ကောင်းဇေယျာပိုင်နှင့်
စကားကောင်းမှုကြောင့်အအေးမိသွားတဲ့ ဒဏ်ကြောင့်ခ ခစ ေဖျားတော့သည်။

ခ ခဖျားတာနဲ့ ဖေ ကအနီးကပ် သေသေချာချာ ပြုစုပေးကာကျန်းမာရေးဂရုမစိုက်တဲ့အတွက်ဆူပူမှုကို ခံရတော့သည်။

အခုလည်း ခ ခအတွက် ေန့လည်စာအတွက် ဆန်ပြုတ် ရယ်ဆေးရယ်ကို သေသေချာချာ ပြင်ဆင်ပေးခဲ့ပြီး ​ရှယ်ယာရှင်အစည်းအဝေးပွဲအတွက် ဖေကြီးနဲ့ နှစ်ယောက်တူတူ ထွက်သွားချေပြီ....။

ဖေကြီး တို့ထွက်သွားတာနဲ့ ခ ခလည်း ကျိန်းစက်နေတဲ့ ခေါင်းကြောင့်ပြန်အိပ်ဖို့မျက်ဝန်း များကိုမှေးစက်ထားကာငြိမ်နေမိသည်။

ဒါမယ့် ခ ခမှေးယုံပဲရှိသေး အသံကျယ်ကျယ်နဲ့ မြည်လာတဲ့ ဖုန်းသံကြောင့် ဖုန်းမပိတ်မိကာလသတိရကာစိတ်တိုတိုနှင့်ပဲဖုန်းကိုကောက်ကိုင်လ်ုက်သည်။

"အကိုဘယ်မှာလဲ...."

"ဘာလုပ်ဖို့လဲ...."

ေရာင်းသူဝယ်သူ အသံတူစွာပါပဲ....။

"နေမကောင်းဘူလား အကို...."

အနည်းငယ်တော့ခ ခအံ့သြ သွားသည်။
ဒီကောင်လေး နတ်မျက်စိများရှိလား....။

"ဘာ်လိုသိလဲ...."

ခ ခရဲ့အမေးကို တစ်ထက်မှကောင်ဆိုးလေးရဲ့တဟားဟားအော်ရယ်သံကြောင့် ဖုန်းကိုကြည့်ကာ မျက်စောင်းတောင်ထိုးမိသွားသည်။

​ကြည့်မရအောင်လုပ်နိုင်တဲ့နေရာမှာမင်းကတော့ နာပါတ်မှာ တစ်ပါပဲ ကောင်းဇေယျာပိုင်ရေ....။

"ညီအခု အကို့ရဲ့ အလုပ်ကိုရောက်နေတာ...အကို့ကိုမတွေ့ဘူးလေ..အကိုလိုအလုပ်သရဲ ငွေသရဲက ရုံးကိုမလာဘူးဆိုတာ အကြောင်းအရင်းတစ်ခုပဲရှိနိုင်တယ်လေ...ထလို့မရတဲ့ထိ နေမကောင်းလိ​ု့ပဲဆိုတာ....."

မှန်ရာကိုထိရင်ဒေါသထွက်တတ်ကြပါသလား...။
ခ ခကတော့ ချက်ချင်းငုတ်တုတ်ထထိုင်လိုက်တဲ့ထိ ဒေါသထွက်သွားသည်။

ခ ခရဲ့လှုပ်ရှားမှုတွေကိ​ုမြင်ယောင်မိတဲ့ ငြမ်းကတော့ ကျေကျေနပ်နပ်ပြုံးလိုက်ပြီး ထပ်မံစကားလုံးတွေဖြင့်ဆွပေးလိုက်သည်။

Ohh  Oh my LordWhere stories live. Discover now