Ohh oh my lord..."18"

20.5K 2.8K 725
                                    

#unicode
#zawgyi

ပြင်းထန်လွန်းတဲ့ခြေထောက်ကန်ချက်ကြောင့်ခိုင်မာပါတဲ့အခန်းတံခါးမှာ ထက်ပိုင်း ကျိုးကာပွင့်သွားလေသည်။

လမင်းခကြွေရဲ့ နှုတ်ခမ်းတွေဟာ ပြုံးယောင်သမ်းသွားကာ သူရဲ့မျက်နှာအထပ်မှာကျေနပ်အားရမှုတွေ ပေါ်ပေါက်လာသည်။

အခန်းဝတွင် ရပ်နေသော သူက သူမျှော်လင့်နေသော သူပဲမဟုတ်လား.....။

အနက်ရောင် shirtအကျီကြောင့်ဖြူနုနေတဲ့ အသားအရည်...သန်မာမှု ပြတ်သားမှု ခိုင်မာမှုတွေနဲ့အတူ အထူးလက်ရွေးစင်ဖြစ်ခဲ့ဖူးတဲ့
တိုက်ကွမ်ဒို သမားပီသလောက်တဲ့သူ....၊

ပြောရမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ လမင်းခကြွေ ဆိုတဲ့ နာမည် ကို ရေရွတ်လိုက်တာနဲ့ သူ့ကိုပါတွဲ မြင်လောက်တဲ့ထိ ခ ခကိုပံ့ပိုးမှုအားကောင်းသော
ခ ခရဲ့ ဖေ ပင်...၊

"ဖေ..."

"အေ"

ခ ခရဲ့ ရေရွတ်လိုက်တာနဲ့ ခ ခအပေါ်တွင် ခန္ဓာကိုယ်တစ်ဝက်ရောက်နေပြီဖြစ်တဲ့ ခေါင်ရှန်း
ဟာ ​ကြွေပြားပေါ်သို့ဆွဲ ချခံလိုက်ရပြီးသူရဲ့ လည်ပင်းထက်တွင် လရောင်မှူးငယ် ရဲ့
ညာဖိနပ်နှင့် အဖိခံထားရတဲ့အခြေအနေပင်....၊

"ဘယ်နှစ်ချက်လဲ...."

ခ ခရဲ့ ဒဏ်ရာတွေကို ကြည့်ပြီး ေမးလိုက်တဲ့
ဖေ...၊

ခရဲ့ ဒဏ်ရာတွေကြောင့် လွယ်ကူ မထနိုင်တာမို့ ဖေဖေကြီးကိုအားယူထလိုက်ပြီး

လက်သုံးချောင်း ထောင်ပြလိုက်သည်။

"ဒီလူရဲ့ နှာနုရိုး တည့်တည့်ကို​အချက်သုံးဆယ် အနည်းဆုံး ပြန်အထိုးမခံရရင်
နည်းနည်းလေးတောင် ကျေနပ်မှာမဟုတ်ဘူး ဖေ..."

"Ok...လိုက်ရေ ထား...."

လက်အိတ် စွပ်ထားတဲ့ မှူးငယ် ရဲ့လက်သီးဟာ
ခေါင်ရှန်းရဲ့မျက်နှာပေါ်သို့ကျရောက်လာသည်။

အချက်အရေအတွက်လိုက်ရေတွက်တဲ့ ဦးဟန်ရဲ့ မျက်နှာ ထပ်မှာကော ခ ခရဲ့ မျက်နှာထပ်မှာပါ ကျေနပ်တဲ့အပြုံးတွေ နဲ့...၊

မှူးငယ် ရဲ့လက်သီး ချက်တွေကို ကြည့်ပြီး အခုမှအပြင်ကကောင်တွေအကုန်လုံးက်ိုရှင်းပြီးဝင်လာသော သွန်းစေရာသော်နဲ့ ငြမ်း တို့မှာအံ့သြလွန်းကာ အခန်း ဝမှာ သေနတ်ကိုယ်စီတွေနဲ့ရပ်တန့်​ေနမိသည်။

Ohh  Oh my LordWhere stories live. Discover now