Ohh oh my lord..."final A"

25.7K 2.6K 450
                                    

#unicode
#zawgyi

မနက်ခင်းရဲ့နေရောင်နုနုလေး ကအခန်းတွင်းသို့ရောက်ရှိလာတာမို့ ငြမ်း အနည်းငယ်လူးလှိမ့်ကာ နိုးထလာသည်။
အဖြူရောင်လိုက်ကာလွင့်လွင့်လေးကြားမှ တိုးဖြတ်လာတဲ့ နေရောင်ခြည်ရဲ့နွေးထွေးမှုဟာ
တစ်စုံတစ်ဦးကိုရင်ခွင်ထဲထည့်ပြီးအိပ်စက်နေရတာကို​တော့မမှီပါဘူး...။

မနက်အာရုံဦးမှာ နွေးထွေးဖို့ဘာတွေလိုအပ်လဲဆိုတာကိုငြမ်းမသိဘူး...။
ကော်ဖီပူပူလေးတစ်ခွက်လား...။

ချစ်ရသူအတွက်ဆိုပြီး ရင်ခုန်သံ​တွေနိုးထလာမှုမျိုးလား...။

ဘယ်ဟာက အမှန်တရားနဲ့ အနီးစပ်ဆုံးလည်းဆိုတာ ငြမ်းမသိဘူး...။

ဒီနွေးထွေးမှုတွေက အချို့အချို့သောသူတွေအတွက်သာဖြစ်လိမ့်မည်။
ငြမ်းအတွက်တော့မဟုတ်ခဲ့ဘူး...။

​ငြမ်းအတွက်​တော့မနက်ခင်းတိုင်း နွေးထွေးဖို့  အကိုရင်ခွင်ထဲမှာရှိနေဖို့ပဲ...။
အကို့ကိုဖက်တွယ်ရင်းအိပ်စက်တယ်...။
အကို့ကို ဖက်တွယ်ရင်း နိုးထလာတယ်...။

ငြမ်းအတွက်တော့ အကို့ဟာ မနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးလေး...။
ကံတရားက တစ်နေ့တစ်ထုတ် ပို့ပေးတဲ့
မြတ်နိုးဖွယ်ရာ ကံကောင်းခြင်းလှလှလေး...။

ငြမ်းသူ့ရင်ခွင်ထဲမှ ခ ခရဲ့ မျက်နှာလေးကိုအသေးစိတ်ကြည့်လိုက်မိသည်။

နဖူးပြေပြေလေးကနေတစ်ဆင့် လက်ညိုးလေးနဲ့အသာထိတွေ့လာပြီး သူရူးသွပ်ရာ နှုတ်ခမ်းဖျားလေးတွင် သူရဲ့ လက်ညိုးလေးဟာ အဆုံးသတ်သွားသည်။

အကိုကတေ့ာမနေ့က ညည့်နက်တဲ့အထိ ချစ်ကြည်နူးထားကြတာမို့  ဒီနေ့မနက် စောစီးစွာမနိုးထလာနိုင်ခဲ့ဘူး...။

ငြမ်းကို ဖက်တွယ်ပြီး အိပ်မောကျနေတဲ့အကို...။
အပေါ်ပိုင်းခန္တာကိုယ်တစ်ခုလုံးမှာလည်း ငြမ်းရဲ့အမှတ်အသား တွေနဲ့ ပြည့်နှက်နေတဲ့အကို့
ခန္တာကိုယ်ဖွေးနုနုလေး...။

ရင်ခွင်ထဲရောက်ရှိနေတာကိုပင်ထပ်ပြီးအားမရစွာနှင့် ငြမ်းတိုးကာ ဖက်လိုက်ပြီး အကြိမ်ကြိမ်ရင်ခုန်နေရသော အကို့ရဲ့နှုတ်ခမ်း ထူထူလေးပေါ်မှာ ငြမ်းရဲ့ နှုတ်ခမ်းပါးလေးဟာ အခါခါ ခစားနေမိသည်။

Ohh  Oh my LordWhere stories live. Discover now