Ohh..oh My lord"5 "

23.8K 2.9K 256
                                    

#unicode
#zawgyi

ခခဆီ လမ်းကြုံလို့ ဆိုပြီးရောက်ရှိလာတဲ့
ဝန်ကြီးလောင်းဟာ သိပ်ကို အားလပ်နေသလိုပင်...အခုလည်း ခ ခအလုပ်လုပ်နေတာကိုသေချာ ထိုင်ကြည့်ကာအလုပ်ပြီးချိန်
နေ့လည်စာအတူတူစားရန်ဟုဆိုကာ ဆိုဖာမှာထိုင်စောင့်နေပြန်သည်။

"ကိုကို...ဗိုက်ဆာနေပြီဆိုရင် ကျွန်တော် တစ်ခုခုမှာပေးရမလား..."

"ကိုယ်က ရတယ်... moonပြီးတဲ့အချိန်ထိစောင့်ရမယ်...."

ခ ခစစ်လက်စ စာရွတ်စာတမ်းတွေကို ခဏချကာ

"ရွေးကောက်ပွဲနီးနေပြီ...ကိုကိုအလုပ်မများဘူးလား...."

"အိပ်ချိန်မရှိလောက်အောင်များနေတာပေါ့...ဒါ့မယ့် ကိုယ်ဘယ်လောက်အလုပ်များများ ကိုယ်ရဲ့ မိတ်ဆွေကြီး လမင်းခကြွေနဲ့ နေ့လည်စာ စားချင်မိတော့လည်းအချိန်လုရတာပေါ့...."

"ကျွန်တော် ကိုအလေးထားတဲ့အတွတ် ကျေးဇူးများကြီး တင်ပါတယ် ခင်ဗျ...."

ခ ခစနောက်သလ်ိုပြောတော့ ကိုကိုသည်အသည်းယားတဲ့ပုံစံလုပ်ပြတာမို့ ခခ အားရပါးရ ရယ်မောမိသည်။

"အကိုလေး ဦးစိုးမြင့်ရောက်နေပါပြီခင်ဗျ...."

တံခါခေါက်သံနဲ့အတူ အတွင်းရေးမှူးလေးရဲ့
အသိပေးမှုကြောင့် ခခ လုပ်လက်စအလုပ်ရပ်ကာ ဝင်လာခိုင်းလိုက်သည်။

ဦးစိုးမြင့်ဆိုတဲ့ ထိုလူဝင်လာတဲ့အခါ ပထမဦးဆုံးရရှိလာတာကအရက်နံ့ပင်....

"ဘဘ ထမင်းစားချိန်ကြီး ချထားပြန်ပြီလားဗျ..."

အရက်နံ့ရတဲ့အခါအလုပ်မှာတိကျလွန်းတဲ့moonသောင်းကျန်းမယ်လို့ထင်ခဲ့ပေ့မယ့်ပုံမှန်လိုပင်ဆက်ဆံနေတာမို့အံ့သြမိသည်။

"နည်းနည်းပါအကိုလေးရဲ့."

"ကျောက်တွင်းအခြေအနေတွေတိုးတက်လာတယ်နော်...အလုပ်သမားတွေရော
အဆင်ပြေရဲ့လား ဘဘ...ဘဘစကားကိုကောအလေးထားရဲ့လား..."

"ဒီလိုပါပဲအကိုလေးရဲ့... အဆင်တော့ပြေပါတယ်ဘဘမထိန်းနိုင်တော့ရင် အကိုလေးကို ပြောမယ်လေနော့..."

ခခပြုံးပြီး ခေါင်းငြိမ့်နေလိုက်သည်။
အလုပ်ကိစ္စအချို့နဲ့ အရေးကြီးပြီးအဖိုးတန်တဲ့ကျောက်တစ်ချို့ကို ခခကိုစာရင်းနှင့်တကွအပ်လိုက်ပြီး ပြန်သွားသည်။

Ohh  Oh my LordWhere stories live. Discover now