Ohh...oh my lord..."15"

21.4K 2.7K 259
                                    

#unicode
#zawgyi

"ဦးသွန်းစေရာသော်မှာထားတဲ့ပစ္စည်းလား...."

ငြမ်း နဲ့ဒယ်ဒီတို့ရဲ့ အထူးခန်းထဲရှိ ပစ္စည်းတစ်ချို့ကိုကြည့်ပြီး ငြမ်းအံသြမိသွားသည်။

ဦးသွန်းစေရာသော်မှာထားတဲ့လက်နက်တွေကနည်းတာမှမဟုတ်တာ...ဒီလက်နတ်တွေအတွက်အကျိုးအမြတ်ဟာလည်းပုံမှန်အကျိုးအမြတ်ထက်နှစ်ဆပင်....၊

ဝန်ကြီးချုပ်လောင်းပဲရှိသေးတယ်... ထောလှချည်လား လို့တွေးမိတဲ့အထိပဲ...၊

"ဟုတ်တယ်...ဝန်ကြီးချုပ်လောင်းကိုယ်တိုင်မှာထားတာ..."

"ဒါမယ့်ဒီလက်နက်တွေအကုန်လုံးကိုစီစစ်ဖို့ဆိုတာကဒယ်ဒီ ကျွန်တော်ကိုကြိုပြောထားတာမှမဟုတ်တာ...ဘာလဲ ဒယ်ဒီ....ဒယ်ဒီရဲ့ client ကဘာသဘောလဲ..."

ဦးထွန်းဇေယျာအောင်သည် ပြုံးကာ ငြမ်းကို
သေချာစိုက်ကြည့်လိုက်ပြီး....

"ဝန်ကြီးချုပ်လောင်းက မင်းရဲ့ ရည်စားလုဖက်မို့ ကဂျီကဂျောင်ကျနေတာလား ငြမ်း..."

​ဒယ်ဒီရဲ့စကား ကြားတဲ့ အခါ ငြမ်း သည် ဟက်ဟက်ပတ်ပတ်ရယ်လ်ိုက်ပြီး....

"ရည်စားလုဖက်လို့ပြောရအောင် သူက ကျွန်တော်တစ်ဝက်တောင်သတ္တိရှိတာမို့လား...အဟွန်း...စိတ်မဝင်စားဘူးဒယ်ဒီ..."

လက်ကိုခါကာ ပြောလိုက်တဲ့ငြမ်းကြောင့်
ဦးထွန်းဇေယျာအောင် သက်ပြင်းချလိုကိပြီး...

"ဒါဆို ငြမ်း မဟုတ်သလို ဘာလို့ဆင်ခြင်တွေ​ေပးနေတာလည်းကွ..."

သူရဲ့ အလုပ်က်ို နှောင့်နှေးအောင်တမင်လုပ်နေတာကိုသိတာမို့ ဦးထွန်းဇေယျာအောင်ဒေါသအနည်းငယ်ထွက်လာသည်။

"ကျားကို​ေတာ့တောင်ပံမတပ်ပေးနိုင်ဘူး
ဒယ်ဒီ...ဒီလောက်ထိ လက်နက်တွေမှာထားတာကျွန်တော်တို့ဘက်ပါအနံ့ရလာနိုင်တာ သိတယ်မဟုတ်လား...."

"ဘာကြောင့် မှာမှာငါ တို့ဘက်က အကောင်းဆုံးလုပ်ထားနိုင်ရင်.... "

"​ဦးသွန်းစေရာသော်ကိုဒယ်ဒီ ဘာလို့များလျှော့ထွက်နေတာလဲ....သူ့ကို ဒီလက်နတ်တွေအကုန်သာ ဝဋ်ကျေ တန်းကျေလုပ်ပြီး ထည့်ပေးလိုက်ကြည့်ပါလား...လူကြီးတွေအကုန်လုံးကို သေလမ်းပို့လိုက်သလို ဖြစ်မှာပဲ...."

Ohh  Oh my LordWhere stories live. Discover now