Ohh...oh my lord..."12"

20.9K 2.7K 394
                                    

#unicode
#zawgyi

ပြိုလဲကျမတတ်ခြေလှမ်းတွေနဲ့ ခခ ဖေကြီးနဲ့ဖေတို့ အခန်းဆီသို့ ရောက်အောင်သွားမိသည်။
ပြသနာတွေကြုံလာတိုင်း ခက်ခဲမှုတွေနဲ့ရင်ဆိုင်ရတိုင်း မိဘရင်ခွင်ရောက်ရင် ခ ခရဲ့ပြသနာတွေ
ဖြေရှင်းနိုင်မယိလို့ယုံကြည်မိတာမို့....

ည၁၀ နာရီဆိုတဲ့ အချိန်ဟာ ဖေနဲ့ ဖေကြီးတို့ရဲ့အိပ်ချိန်မို့ အခန်းဝရှေ့တွင် ခ ခခြေစုံရပ်နေမိသည်။
တံခါးခေါက်လိုက်ရင် ဖေတို့အိပ်ရေးပျက်သွားမလားလို့တွေးမိပေ့မယ့် ခ ခတကယ်လ်ိုအပ်နေတာမို့ တံခါး နှစ်ချက်ခေါက်လိုက်မိသည်။

ချက်ချင်း ပင်အခန်း တံခါး ပွင့်လာပြီး
ဖေ လရောင်မှူးငယ် ထွက်လာသည်။

"သားသားလေး.... ဘာဖြစ်လ်ို့လဲ..."

"ဖေ...."

သန်မာချင်ယောင်ဆောင်ထားခဲ့တဲ့ စိတ်အစုံဟာ
ဖေကိုတွေ့တဲ့အချိန်မှာတော့ ဒုံး ဒုံး ချလိုက်မိပြီး
ဖေ့ကို ကျစ်နေအောင်ဖတ်ထားမိသည်အထိ..။

"ဘာဖြစ်လာတာလဲ သားသား...."

ဖေကြီးကမေးပေးမယ့် ခ ခမဖြေနိုင်ပဲ ဖေ့ရဲ့ ခါးသွယ် သွယ်လေးကိုသာဖက်ထားရင် မျက်ရည်တွေစီးကျလာသည်။

"ဖေကြီး...."

"ေဖကြီးရှိတယ်...ငါ့သားလေးဘာခံစားနေရလဲ..."

"ယုံကြည်မိတာမှားတယ် လို့တွေးမိလာရင်
ခ ခဘာလုပ်သင့်သလဲ....ခ ခလူတစ်ယောက်ကို
ယုံကြည်မိတယ်...သူက သူက ခ ခကို ယုံကြည်မှုတွေချိုးဖောက်ပစ်တယ်...အဆင်ပြေသွားမှာပါလို့ ခ ခမတွေးနိုင်ဘူး..."
ခ ခဒူးတွေညွန့် နေပြီးလဲကျတော့မလို ဖြစ်နေပြီမို့ ဖေ့ကိုဖတ်ထားရင်းမလဲပြိုအောင်ကြိုးစားနေရတယ်....."

ဖေကြီးသည် ခ ခရဲ့ ပခုံးကို ပုတ်လိုက်ပြီး
ဖေ့ဆီမျက်နှာအပ်ထားတဲ့ ခ ခရှေ့သို့လာကာ...

"လဲကျသွားချင်ရင်လဲကျလို့ ရတယ်သားသားလေး....ဒါမယ့်လဲကျတော့မယ့် ဆိုရင်တော့ ပင်ပန်းလို့ ခဏအနားယူချင်လို့ လဲကျတဲ့ လဲကျမှုမျိုးတော့ ဖြစ်ပါစေ...လဲကျချိန်မှာလည်း
ငါထရမယ်ဆိုတဲ့စိတ်မွေးထားရင် ငါ့သားလေး လဲကျလို့ရပါတယ်...."

Ohh  Oh my LordWhere stories live. Discover now