အနီရင့် ပြုံးကာ ခေါင်းငြိမ့်ပြလိုက်တော့...
ဒီရေလှိုင်းက နှုတ်ခမ်းထောင့်များ တွန့်တက်
ယုံပြုံးကာ ခုံတွင်ဝင်ထိုင်သည်။ တိမ်ငယ် လည်း
ဘေးခုံတွင် ဝင်ထိုင်လိုက်သည်။

"လှိုင်း...မ​တွေ့တာကြာပြီ​နော်​..."

"အင်း.. ဒါ​ပေမယ့်​ ရင့်​ က အရင်​လို
လှ​နေတုန်းဘဲ..."

"အာ.."

အနီရင့်က နူးညံ့သောအပြုံးလေးတစ်ခုနှင့်
သူမမှာထားသော ချောကလက်ရေခဲမုန့်ကို
စားနေသည်။ အရင်တစ်ချိန်က ကျောင်းလူဆိုး
လေးနှင့် မတူအောင် ကြည့်ကောင်းလာသော..
ဒီရေလှိုင်းက ကောင်မလေးများ အရူးအမူးလို
ချင်ကြသည့် ခပ်မိုက်မိုက်မင်းသားလေးပုံစံမျိုး
ဖြစ်​သည်​..။

စီးပွားရေးလောကတွင်လည်း ဒီရေလှိုင်း၏...
သတင်းများက ကျော်ကြားသည်။ ထို့ကြောင့်
လက်လွတ်စပယ် ဆက်ဆံရန် စိတ်ကူး အနီရင့်
တွင်မရှိ။ လိုချင်သူများသော ဒီဆွဲမက်ဖွယ်
သခင်လေးသည် ခက်ထန်ကာ မောက်မာသည်။
သို့သော် အခြားသူများကို အရေးမလုပ်ဘဲ မိမိတစ်ယောက်ထဲကိုသာ အရူးအမူးဖြစ်နေ
သည်ကို အနီရင့် သဘောကျသည်..။

"ရင့်... မင်း အကြိုက်မပြောင်းသေးဘူးဘဲ.."

အနီရင့် ပြုံးကာခေါင်းလေးကို ငုံ့ချလိုက်သည်။
ဤသည်က တစ်ဖက်ပုရိသကို မရိုးမရွဖြစ်စေမှာ
ကို သူမကောင်းကောင်းသိသည်လေ..။

"ကျစ်..မစားရဘူး စတော်ဘယ်ရီ ရေခဲမုန့်ဘဲ
စား.. အချွဲကြပ်ရင် ငိုမဲ့မဲ့လုပ်ဦးမယ်..။ သူ့ကို
စတော်ဘယ်ရီရေခဲမုန့်ဘဲ ချပေးလိုက်။ ပြီးရင်
ပုံမှန်​ထက်​​လျော့ပြီး ထည့်​​ပေးပါ..."

သူမနှင့်စကားပြောနေရင်း ဘေးကမုန့်မှာနေ
သော ကျောင်းဝတ်စုံနှင့်ကောင်လေးကို လှမ်း
ပြောသော ဒီရေလှိုင်း..။ ကောင်လေးကလည်း
သူစားချင်သော ချောကလက်ရေခဲမုန့်မစားရ
သောကြောင့် ငိုမဲ့မဲ့လေးလုပ်နေသည်။

ဒီရေလှိုင်း ပြောသည့်အတိုင်း လာချပေးသော
စတော်ဘယ်ရီ ရေခဲမုန့်လေးကို စားနေရင်း
အနီရင့်၏ ချောကလက်ရေခဲမုန့်ကို ကြည့်နေ
သော ထိုကောင်လေးက အတော်ပင် ချစ်စရာ ကောင်းသည်..။

Clover your'e my clover[Completed]Where stories live. Discover now