Trap For You Only (39) ( Unicode )

82.7K 1.8K 180
                                        

မနက်မိုးလင်းနေရောင်ခြည်အလင်းရောင်က ပြတင်းပေါက်တွေမှတဆင့် ဆိုဖာပေါ်မှာ ကိုယ်လုံးချင်းထပ်ကာ အိပ်ပျော်နေသည့် လူနှစ်ယောက်ထံသို့ ကျရောက်လာခဲ့သည်။

နေရောင်ခြည်စူးရှရှအရှိန်ကြောင့် ပထမဆုံး နိုးလာသူက လင်းရောင်ရှိန်။ နေရောင်ခြည်ဒဏ်ခံနေရသလိုဖြစ်နေသောကြောင့် မျက်လုံးကို ချက်ချင်းမဖွင့်နိုင်သေးဘဲ အရင်ဆုံးမှိတ်ထားကာ နောက်မှ ဖြည်းဖြည်းချင်းဖွင့်ရသည်။

မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က လင်းရောင်‌ရှိန်ရဲ့ ရင်ဘတ်ပေါ်မှာ ကလေးလေးလို နှစ်ချိုက်စွာအိပ်ပျော်နေသော ငယ်လေး။ ငယ်လေးရဲ့လက်နှစ်ဖက်က သူ့ကို သိုင်းဖက်ထားပြီး ခေါင်းလေးကို သူ့ရင်ခွင်ထက်မှာ မှေးတင်ရင်းအိပ်ပျော်နေတဲ့ ငယ်လေးကို ကြည့်ကာ သူ့ရင်ထဲ၌ ကြည်နူးလာရသည်။

ကိုယ် ချစ်ရတဲ့သူနဲ့ အတူနိုးထရတဲ့မနက်ခင်းက တကယ့်ကို စိတ်ချမ်းမြေ့စရာကောင်းတာပဲ။ အခုလို ငယ်လေးနဲ့ သူက ကြားလေတောင် တိုးဝှေ့လို့မရတဲ့အထိ နီးနီးကပ်ကပ်ရှိနေကြသဖြင့် သူ့မှာ ‌ပိုပျော်ရွှင်ရသည်။

ငယ်လေးရဲ့ဆံနွယ်နုနုလေးကို ဖွဖွလေးပွတ်သပ်ပေးရင်း ငယ့်ကို ချစ်လိုက်တာလို့ မြည်တမ်းမိသည့်အထိ။ ငယ့်ကို ပိုင်ဆိုင်ခွင့်ရခဲ့တာဟာ သူ့ဘဝရဲ့အကြီးမားဆုံးကံကောင်းမှုပင်ဖြစ်သည်။ ဒီကလေးလေးက သူ့ဘဝထဲကို အရင်ဆုံး လှမ်းဝင်လာခဲ့သူဖြစ်သလို သူ့နှလုံးသားကို အရင်ဆုံးဆုပ်ကိုင်နိုင်သူလည်း ဖြစ်သည်။

အင်း ... အခုပဲ သတိရတယ်။ သူ့အကောင်ကြီးက အခုထိ ငယ်လေးရဲ့အပေါက်လေးထဲမှာ ရှိနေတာပဲ။ တစ်ညလုံး ငယ်လေးက သူ့အကောင်ကြီးကို နွေးထွေးမှုတွေ အပြည့်ပေးခဲ့တာ။ ညဘက်တုန်းက ဆေးအရှိန်ကြောင့်ရော၊ ငယ်လေးက မြူဆွယ်ခဲ့တာရော၊ သူကိုယ်တိုင်ကလည်း စိတ်အရမ်းပါနေသည့်အတွက် ငယ်လေးကို အကြိမ်ကြိမ်ကြမ်းကြမ်းတမ်းတမ်းလုပ်ပစ်ခဲ့သည်လေ။

ဒါတောင်မှ ငယ်လေးက သူ့ကို အပြစ်တင်စကားတစ်ခွန်းမှမဆို၊ တစ်ချက်လေးတောင်မှ မငြိုငြင်ဘဲ သူ ချစ်တင်းနှောသမျှကို ကြည်ကြည်ဖြူဖြူလက်ခံပေးခဲ့သည်။ ကိုယ့်အသက်ထက် ပိုပြီးချစ်ရသည့်လူနှင့် ချစ်တင်းနှောရသည့်အခါ လူက တိမ်စိုင်တိမ်သားတွေပေါ်ရောက်နေသလိုမျိုး ခံစားချက်တွေက အလွန်အမင်းကောင်းမွန်လှသဖြင့် သူ တော်တော်နှင့် မရပ်တန့်နိုင်ဘဲ စိတ်ရှိတိုင်း ငယ်လေးကို သောင်းကျန်းပစ်ခဲ့သည်လေ။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]Where stories live. Discover now