Trap For You Only (64) ( Unicode )

58.1K 1.9K 921
                                        

ကောမန့်နော် ကောမန့် 😁
________________________

မနက် အလင်းရောင် စတင်ထွက်ပေါ်လာသည်နှင့်အမျှ ငှက်ကလေးများ၏ကျီကျီကျာကျာအော်သံများကလည်း ဝန်းကျင်တခွင်ပျံ့နှံ့နေလျက် ... ။

ကြီးမားကျယ်ဝန်း‌သော ခြံကြီးအတွင်းရှိ အဆင့်အတန်းမြင့်နှစ်ထပ်တိုက်အဆောက်အအုံတစ်ခု၏အိပ်ခန်းတစ်ခုအတွင်းဝယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော လူနှစ်ယောက်။

ခန္ဓာကိုယ်အရွယ်အစားချင်းအချိုးကျကြမည်ဆိုလျှင် တစ်ယောက်က အသားအရည်ညိုမောင်းပြီး ကြွက်သားဗလအဖုအထစ်များနှင့် ကြီးမားတုတ်ခိုင်သောအချိုးအစားရှိသည်။

သို့သော် ထိုလူ၏ရင်ခွင်ထဲ ‌မှေးစက်နေသော တခြားတစ်ယောက်မှာမူ ဖြူဖွေးဝင်းမွတ်သည့် အသားအရည်ပိုင်ရှင်ဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားမှာလည်း သေးသွယ်လှပ၏။

ပြောရမည်ဆိုလျှင် ဆန့်ကျင်ဘက်ခန္ဓာကိုယ်အချိုးအစားနှစ်ခုက အိပ်ရာတစ်ခုတည်း၌ အတူယှဉ်တွဲကာအိပ်စက်နေကြခြင်းဖြစ်သည်။

သို့သော် လိုက်ဖက်သည်။ အလွန်တရာလိုက်ဖက်သည်။ နေနဲ့လ၊ ရွှေနဲ့မြကဲ့သို့ပင် ထိုသူတို့နှစ်ဦးသည် အဘက်ဘက်က ပြီးပြည့်စုံကာ တစ်ဦးအတွက် တစ်ဦး သင့်တော်ကောင်းမွန်နေလျက်ရှိ၏။

‌မကြာခင်မှာ ကြီးမားကျယ်ပြန့်သည့် ရင်ခွင်ကြီးထဲ ခိုလှုံအိပ်စက်နေသည့် ခန္ဓာကိုယ်လေးက တဖြည်းဖြည်းလှုပ်ယွလာလေသည်။ အဲဒီနောက်မှာတော့ တဖြည်းဖြည်းဖြင့် ပွင့်ဟလာသည့်မျက်ဝန်းအစုံ ... ။

ငယ် အိပ်ရာကနိုးနိုးချင်း အိပ်ချင်မူးတူးဖြင့် ကိုယ့်ကိုယ်ကိုယ် ဘယ်ရောက်နေသလဲဆိုတာကို မနည်းပြန်စဉ်းစားရသည်။ တဖြည်းဖြည်း ငယ့်အာရုံထဲ ပြန်ပေါ်လာသည်က မနေ့ညက အဖြစ်အပျက်များ ... ။

ထိုအခါ ငယ့်နှုတ်ခမ်းစွန်းလေးက မသိမသာကော့တက်သွား၏။ မနေ့က ငယ်နဲ့ ကိုကို ဘယ်လိုတွေနှစ်ပါးသွားခဲ့သလဲဆိုတာကို ပြန်စဉ်းစားကြည့်ရုံနှင့်တင် ငယ့်နှလုံးခုန်သံတွေမြန်လာသလို လူတစ်ကိုယ်လုံးလည်း ထူပူလာသည်။

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]Donde viven las historias. Descúbrelo ahora