Trap For You Only (53) ( Zawgyi )

22.5K 435 11
                                    

ညသန်းခေါင်ယံ၁နာရီခန့်အချိန်

ကြီးမားသည့် ကုတင်ကျယ်ကြီးပေါ်၌ တစ်ယောက်နှင့်တစ်ယောက် အတင်းပူးကပ်ကာ အိပ်နေကြသည့် လူနှစ်ယောက် ... ။

လိမ္မော်ရောင်အခန်းမီးမှိန်မှိန်က နေရာအနှံ့ ပြန့်ကြဲနေသည်။

ထိုစဉ် ဖုန်းသံမြည်လာသည်။ အအိပ်ဆတ်သည့် လင်းရောင်ရှိန်က ချက်ချင်းဆိုသလို နိုးသွားကာ ‌စားပွဲပေါ် တင်ထားသည့်ဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်သည်။

ခေါ်ဆိုသူ၏နာမည်ကို ကြည့်လိုက်တော့ သူရိန်။

ကျစ် ! ဒီကောင်ကတော့ ညကြီးမိုးချုပ် ဘာကိစ္စ ဖုန်းဆက်ရတာလဲ ...

ငယ်လေးနှင့်ပတ်သတ်သည့်ကိစ္စတွေကလွဲရင် တခြားအရာတွေမှာ ဒေါသကြီးတတ်သည့်ဗီဇက ထကြွလာသည်။

သူ့ရင်ခွင်ထဲမှာ တိုးဝင်ကာ အိပ်နေသည့် ငယ်လေးကို တစ်ချက်ကြည့်ကာ ဖုန်းကို ယူပြီး အခန်းပြင်ထွက်လိုက်သည်။

အဲဒီနောက် ဖုန်းကို ကိုင်လိုက်တော့

“ ဆရာ ~~~~ ”

အရင်ဦးဆုံး ငှက်ဆိုးထိုးသံလိုငိုသံကြီးက တိုးဝင်လာသဖြင့် လင်းရောင်ရှိန် ဖုန်းကို နားနှင့်နည်းနည်းခွာထားလိုက်ရသည်။

“ ဆရာရေ ~~~~~ ”

မသိရင် ငါက သေသွားတာကျနေတာပဲ ဒီခွေးကောင်ကတော့ ...

“ သူရိန် ငါ မသေသေးဘူးနော် မင်း အဲ့လောက်ထိ ငိုစရာမလိုဘူး ”

“ အီးးးးးးး ဆရာ မသေသေးမှန်းတော့ သိတာပေါ့ ဒါပေမဲ့ ဆရာက ချောင်းသာကို ဟန်းနီးမွန်းထွက်သွားပြီးကတည်းက ကျွန်တော် ဖုန်းဆက်သမျှ တစ်ခါမှ မကိုင်ဘူးလေ ဆရာ့ရဲ့ပထမဖုန်းဆို ခေါ်လို့တောင် မရတော့ဘူး ဒီဖုန်းကျတော့ ဖုန်းဝင်ရက်နဲ့ ဆရာက မကိုင်ဘူး ဆရာ အရမ်းရက်စက်တယ် အီးးးးးးး ရွှတ်~~~ ”

သူရိန်ရဲ့ငိုကြီးချက်မစကားသံတွေကို နားထောင်ရင်း လင်းရောင်ရှိန် စိတ်လေသွားသည်။

“ ပြီးတော့ ဆရာက ဟန်းနီးမွန်းကို တစ်ပတ်လောက်ပဲ ခရီးထွက်မယ်လို့ပြောသွားပြီး အခုကျတော့ တစ်လကျော်တောင် ကြာသွားပြီ ... အလုပ်တွေကလည်း တောင်ပုံရာပုံ ... အလုပ်သမားတွေရော မန်နေဂျာတွေရော ကျွန်တော့်ကို ပူညံပူညံလုပ်နေပြီ ကျွန်တော်လည်း အလုပ်တွေ မနိုင်တော့ဘူး ... ဆရာသာ ဒီတစ်ခေါက် ဖုန်းမကိုင်ရင် ကျွန်တော် ရီဆိုင်းတင်တော့မှာ အီး~~~ ရွှတ် ~~~ ”

𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခတ်ေတရပျနား ]Where stories live. Discover now