ဒီနေ့က မင်္ဂလာဦးည။
ကျွန်တော်နဲ့ ကိုကိုတို့နှစ်ယောက်ရဲ့ပထမဆုံးမင်္ဂလာဦးညပေါ့ဗျာ။
ကျွန်တော်တို့နှစ်ယောက် ပထမဆုံးဆုံဖြစ်ကြတဲ့ကိစ္စကိုတော့ နောက်မှပဲ ပြောကြတာပေါ့။ အေးဆေးပေါ့ဗျာ။ မလောကြပါနဲ့ ။
အခု အရင်ဆုံးအရေးကြီးတဲ့ကိစ္စကိုပဲ အရင်လုပ်ရအောင်။
မင်္ဂလာဦးညဆိုတာ ဘာလဲဆိုတာ ခင်များတို့လည်း သိမှာပေါ့။
ကိုကိုက လူရိုးကြီးဗျသိလား။ သူ ကျွန်တော်ကို ကြိုက်လာအောင်တောင် ကျွန်တော့်မှာမနည်းရုန်းကန်ပြီး ဆွဲဆောင်ခဲ့ရတာ။ အခုလို လက်ထပ်ဖြစ်ဖို့အထိဆိုရင် ကျွန်တော် ငွေအင်အား အလုံးအရင်းနဲ့သုံးခဲ့ရတာ။
အခုဆိုရင် ကံကောင်းထောက်မလို့ ကိုကိုကို့ အရယူနိုင်ခဲ့ပြီး သူ့အိမ်ပေါ် မိန့်မိန့်ကြီး တက်လာနိုင်ခဲ့ပြီ။
ကျွန်တော်တို့နှစ်ယောက်လုံးက ငွေရေးကြေးရေးဆိုတာကို ခြေသလုံးမွှေးလောက်ပဲ သဘောထားတဲ့သူတွေဗျ။ ကိုကိုကတော့ ပိုချမ်းသာတာပေါ့နော်။
ကိုကို့မှာ တခြားလုပ်ငန်းတွေလည်း ရှိပေမဲ့ gym ကိုတော့ သဘောအကျဆုံးပဲ။ သူကိုယ်တိုင်ကလည်း gym trainerတစ်ယောက်ကိုးဗျ။ ပြီးတော့ Light Of Gym ဆိုပြီး ဆိုင်ခွဲတွေလည်း အများကြီးဖွင့်ထားသေးတယ်။
ကိုကိုနဲ့ ကျွန်တော် ဖူးစာဆုံရတာကလည်း gymကြောင့်လို့ပဲ ပြောရမှာပေါ့။ ကျွန်တော်က gym ဆော့ဖို့စောက်ရမ်းပျင်းတဲ့ကောင်ဗျ။ gym သွားဆော့မဲ့အစား တစ်နေကုန်သာ အိပ်ပစ်လိုက်ချင်တယ်။
ဒါပေမဲ့ ဟိုသူတောင်းစားနဲ့ လောင်းထားတဲ့အလောင်းကစားတစ်ခုမှာ ရှုံးပြီး တစ်လလုံး နေ့တိုင်း gymကို အဆက်မပြတ်သွားနေရတော့တာပါပဲ။
ကျွန်တော် အရမ်းပျင်းတတ်မှန်းသိလို့ ဟိုသူတောင်းစားက တမင်လုပ်သွားတာ။
ကျွန်တော်ကတော့ ဟန်ပြအနေနဲ့ပဲ သွားတာပါ။ gymမှာ ဟိုယောင်ယောင် ဒီယောင်ယောင် အာလူးသွားဖုတ်နေတာပဲ။ ကျွန်တော့ရဲ့ body structureကလည်း ပြောရရင် gym ဆော့စရာတောင်မလိုပါဘူး။
YOU ARE READING
𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]
Romance18+ Erotic Fiction 🔞🚨 ကြမ်းတမ်းတဲ့ လိင်အသုံးအနှုန်းတွေ ပါမှာမို့လို့ ၁၈နှစ်ကျော်မှ ဖတ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ❌ ၁၈နှစ်မပြည့်သေးတဲ့ ကလေးတွေအတွက် လုံးဝ လုံးဝ မဟုတ်ပါ။ 🚨 သတိပေးထားပါတယ်။ 🚨 သတိပေးထားပါတယ်။ 🚨 သတိပေးထားပါတယ်။
![𝐓𝐫𝐚𝐩 𝐅𝐨𝐫 𝐘𝐨𝐮 𝐎𝐧𝐥𝐲 🚨🔞 [ ခေတ္တရပ်နား ]](https://img.wattpad.com/cover/239894847-64-k274030.jpg)