Ep-5(Unicode)

4.3K 814 42
                                    

"ဇွဲရေ .... တို့ကို ဓာတ်ပုံလေးရိုက်ပေးပါအုံး"

ဘေးနားရောက်လာပြီး ပြောသော ဧည့်သည်ကောင်မလေးကြောင့် ခွန်းဆက် စကားတို့ရပ်တန့်သွားသည်။ဇွဲက ခေါင်းညိတ်ကာ ထသွားဖို့ပြင်တော့ လှိုင်းငယ်မျက်နှာ ဖြူဖြူလေးဟာ အလိုမကျမှုကြောင့် မှုန်ကုပ်ကုပ်လေးဖြစ်နေသည်။

"ကိုလင်းရှိတာပဲ သူ့ကိုရိုက်ခိုင်းလိုက်ပေါ့"

ကလေးစိတ်မကုန်သေးသော သူပီပီ ဝင်ကာပြောတော့ မဟေက အပြုံးမပျက်စွာဘဲ

"ကိုလင်းက သေချာမရိုက်ပေးတတ်ဘူး။ တို့က  ဒီကိုပြန်ရောက်ကတည်းက ဇွဲကိုပဲ ရိုက်ခိုင်းဖြစ်တာဆိုတော့ သူ့ရိုက်ပေးတာပဲ သဘောကျတယ်"

လှိုင်းငယ်ပို၍ အလိုမကျစွာ တခြားဘက်မျက်နှာ လွှဲသွားသည်။ ဒီကောင်လေး အမူအယာကိုကြည့်ပြီး စာရေးဆရာ ဇွဲအပေါ် ဘယ်အတိုင်းတာအထိ သံယောဇဉ်တွယ်နေလဲဆိုတာ ခွန်းဆက် ရိပ်မိရင်း ပြုံးနေမိသည်။စိတ်ကောက်သွားတဲ့ လှိုင်းငယ်ကို တစ်ချက်ကြည့်ကာ လက်ထဲထိ ရောက်နေပြီဖြစ်သော ဖုန်းကြောင့် ဇွဲက "ခဏ" ဟုတ်ပြောကာထသွားသည်။ သူတို့နှစ်ယောက် ခပ်ဝေးဝေးရောက်သွားပြီဆိုမှ ခွန်းဆက် စိတ်ကောက်နေသော ကောင်လေးဘက် လှည့်လိုက်ပြီး

"လှိုင်းငယ်ရော ဓာတ်ပုံရိုက်မလား ဦးခွန်းရိုက်ပေးမယ်လေ "

"မရိုက်ဘူး "

နှုတ်ခမ်းပါထော်သွားသည်။ လှိုင်းငယ်က ကိုပိုင်လို ရုပ်ဖြောင့်ဖြောင့်ရူပါရှိသော်လည်း မျက်ဝန်းဝိုင်းဝိုင်းလေးတွေက အမေဘက်ကို တူသောကြောင့် အသွင်နှစ်မျိုးဆောင်ကာ ချစ်စရာကောင်းသည်။

"လှိုင်းငယ်...."

"......."

ခွန်းဆက်ခေါ်တာကို မထူးဘဲ ညနေဆည်းဆာနဲ့အတူ လှနေသောကောင်မလေးနဲ့ ဓာတ်ပုံရိုက်နေသော စာရေးဆရာဆီကိုသာ ပေးစောင်းစောင်းကြည့်နေသည်။ ခွန်းဆက် စိတ်ထဲမှာ သဘောကျနေ၍ အပြင်မှာပါ အသံထွက် ရယ်လိုက်မိသောအခါ

"ဦးခွန်းက သူများစိတ်မကောင်းဖြစ်နေတာကို ပျော်နေတယ်ပေါ့ "

ကျွန်တော့်ချစ်သူ စာရေးသူWhere stories live. Discover now