Ep-4(Zawgyi)

2.3K 281 22
                                    


ထမင်းစားနားပြီးတာနှင့် ကျွန်တော်ပြောပြထားတဲ့ ဇာတ်ကြောင်းအတိုင်း ရွာထဲ လျှောက်လည်ကြသည်။ငါးမျှားခဲ့တဲ့ချောင်းလေးကစ ရွာဦးစေတီအဆုံး လိုက်ပြပြီးချိန် သောင်ပြင်ပေါ်ကိုရောက်တော့ ညနေစောင်းလို့နေပြီ။

အနေအေးတာချင်းတူသည့် ဦးခွန်းနဲ့ ကိုဇွဲက ခဏလေးအတွင်း ရင်နှီးကာ စကားလက်ဆုံကျနေကြသည်။ကိုဇွဲက သူသိချင်တာလေးကို ရိုရိုသေသေမေးပြီး ဦးခွန်းကလည်းစိတ်ရှည်လက်ရှည် အကုန်ပြောပြသည်။

ဒီအခြေနေက ကျွန်တော့်အတွက်ရွှေကဲ့သို့ပင်။သူတို့နှစ်ယောက်ဘေး ကပ်ထိုင်ကာ စကားနားထောင်သလိုလိုနဲ့ ခေါင်းတညိတ်ညိတ်လုပ်ပြီး ကိုဇွဲကို  အပီအပြင်ငမ်းရသည်။ကိုလင်းနဲ့ မဟေက ဧရာဝတီမြစ်နဲ့ နေညိုချိန်အလှကို အမိအရ မှတ်တမ်းတင်နေချိန် လှိုင်းငယ်ကတော့ အားနာစွာပဲ ရာဇဝင်ထဲက သတိုးသမီးကို လျစ်လျူရှုလိုက်သည်။  ထိုသတိုးသမီးထက် အနာဂတ်သတိုးသားဖြစ်သော  ကိုဇွဲ ရဲ့အပြုံးကိုသာ စက္ကန့်မလပ် မျက်ဝန်းမှ တဆင့် နှလုံးသားသို့  ကျောက်စာ ရေးထိုးနေ၏။

"အရင်ကနဲ့ အခု သူပြောင်းလဲသွားတာ ဘာမှမရှိဘူးနော် "

ရေစပ်နားမှာ တစ်ယောက်တည်းသွားထိုင်ကာ ကျွန်တော်တို့ကို ကျောပေးနေသော နဂါးပေါက်စအား လှမ်းကြည့်ရင်း ကိုဇွဲကမေးသည်။ထိုအခါဦးခွန်းက

"မပြောင်းလဲဘူး ဘောက်ဆက်ဆက်အကျင့်လေးတွေ၊ အပြောဆိုးပေမဲ့ ကိုယ့်အပေါ်ဆို အမြဲနားလည်ပေးပြီး အလိုက်သိတာတွေ အကုန်လုံးအရင်တိုင်းပဲ။ ဒါပေမဲ့ အဲ့ဒါတော့ လုံးဝကို ပြောင်းလဲသွားတာ "

"ဘာများလဲ "

လှိုင်းငယ်ပါ အတူ နားစွင့်မိသည်။ အကြည့်ကတော့ ကလောင်ရှင်ထံမှာသာ။

"အရင်ဘဝက သူကိုယ်တိုင် လိုက်သတ်ပြီး စားတတ်တဲ့အကျင့်ကနေ အခုပြန်ရောက်လာတဲ့သူက မြင်သားကြားသားတောင်မစားတော့ဘူး "

"ဒါကောင်းတဲ့အချက်လို့လည်းဆိုလို့ရတာပဲ"

"ဟုတ်တယ်  သူ့ရှေ့မှာ သတ်တာမြင်ပြီးချက်ထားတဲ့ ဟင်းဆိုရင် လုံးဝမစားတော့ဘူး၊ တစ်ခါတလေ  အန်ပြီး နေမကောင်းတောင်ဖြစ်တတ်တယ်။ ဒါက လုံးဝကိုပြောင်းလဲသွားတဲ့ တစ်ခုတည်းသော သူ့အကျင့်"

ကျွန်တော့်ချစ်သူ စာရေးသူWhere stories live. Discover now