Ep-1(Zawgyi)

3.9K 311 14
                                    

မနက်လင်းလို့ မျက်လုံးပွင့်တာနဲ့ ကျွန်တော် အားရပါးရ ပြုံးလိုက်မိသည်။ဒီနေ့က သူနဲ့ တရားဝင်ချိန်းဆိုပြီးမှ တွေ့ခွင့်ရတဲ့ ပထမဆုံးနေ့။ အရင်တုန်းကလို နောက်ကွယ်ကနေ ခိုးကြောင်ခိုးဝှက်နဲ့ ငေးကြည့်တဲ့အဆင့်မဟုတ်တော့ဘူး။

ရေချိုးအဝတ်စားလဲပြီးသည်အထိ တွေးတွေးပြီး ပြုံးနေတာ အရူးတစ်ယောက်လိုပဲ။အားလုံးပြင်ဆင်ပြီးတာနဲ့ စားပွဲပေါ်က ဖိုင်တွဲတစ်ခုကို မမေ့မလျော့ ယူလိုက်သည်။ဒါကသူ့ကို စပြီးစွဲလမ်းချိန်က ကြိုးစား ရေးထားခဲ့သော ဝတ္ထုတိုလေးတစ်ပိုဒ်။စာရေးချင်တဲ့စိတ် ဖြစ်ပေါ်လာတာ တစ်ဦးသော ထိုလူကြောင့်ပဲ။ ဖိုင်ကို ရင်ဘတ်နားမှာ ပိုက်ပြီး နံရံက ဓာတ်ပုံနား လျှောက်သွားလိုက်သည်။

စာအုပ်မှာ လက်မှတ်ထိုးနေသော သူ့ဟန်ပန်က တစ်စောင်းမြင်နေရတဲ့အနေထားကြောင့် မေးရိုးထင်းကာပိုမို ချောမောစေ၏။မပွင့်တပွင့်အပြုံးမှာ ခွက်နေသော ပါးချိုင့်။

"အား !!! ချစ်လိုက်တာ ချစ်လိုက်တာ "

ကြည့်နေရင်း ထအော်မိသော ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ဆေးမမှီဘူးဆိုတာ သိပေမဲ့လည်း ပြောင်းလဲဖို့မဖြစ်နိုင်ပါ။အတန်းထဲက သူငယ်ချင်းမရဲ့ idol တစ်ယောက်ပေါ် ထားတဲ့အချစ်ကို အခုချိန်မှာ အပြည့်ဝ နားလည်နေသည်။

လူအစစ်ကို တွေ့ချင်ဇောနဲ့  သက်ပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး ဓာတ်ပုံအား ဖျက်ခနဲ နမ်းကာ အခန်းထဲက ပြေးထွက်မိသည်။အောက်ထပ်ဆင်းလာတော့ မနက်စာစားဖို့စောင့်နေသော ဖေဖေနားမှာ ကပ်ထိုင်လိုက်ပြီး

"မောနင်း ဖေဖေ"

ကျွန်တော့် အသံကြားတော့ ဖတ်လက်စ စာအုပ်ကို ဘေးချ ပြီး ဖေဖေ့ရဲ့ ပင်ကိုယ် စတိုင်အတိုင်း မျက်မှန်ပင့်တင်ကာ ပြုံးပြသည်။

"မောနင်းသား ... ဒီနေ့ ဘယ်သွားစရာရှိလဲ "

"ဖေဖေ့ကို ဟိုတစ်နေ့က ပြောပြတဲ့ စာရေးစာရာ ကိုဇွဲလေ ။ သူနဲ့ ချိန်းထားတာ"

"ဇာတ်လမ်းပြောဖို့လား"

"ဟုတ် "

ဘေးမှ ဒေါ်ဒေါ်လာချပေးသော coffee ခွက်ကို တစ်ငုံသောက်လိုက်ပြီး ထဖို့ ဖင်တကြွကြွဖစ်နေတဲ့ ကျွန်တော့်ကို ဖေဖေက အကဲခတ်သလိုကြည့်နေပြန်သည်။

ကျွန်တော့်ချစ်သူ စာရေးသူWhere stories live. Discover now