Ep-2(Zawgyi)

2.5K 259 11
                                    


သွားတိုက်တံနဲ့ ဆပ်ပြာရည်ဘူးကို ခုတင်ပေါ်က ခရီးဆောင်အိတ်ထဲသို့ ထည့်လိုက်ပြီး ဘာလိုအပ်သေးလဲ အခန်းထဲသို့ဝေ့ကြည့်လိုက်သည်။ ပုံမှန်ခရီးသွားနေကျဆိုရင် အသေးစိတ်မလိုအပ်ပေမဲ့ အခုနယ်ဘက်မှာဖြစ်တာကြောင့် Hotel တွေလို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့သွားလို့မရ။မျက်နှာသုတ် ပဝါက အစလိုအပ်သည်။

နာရီက ၈နာရီတိကိုညွှန်ပြနေပြီမို့ ကျောပိုးအိတ်ကိုလွယ်ကာ အောက်ထပ်ဆင်းလာလိုက်သည်။ကျွန်တော်နဲ့ အတူအဖော်လိုက်ပေးဖို့ ဖေဖေ့ရဲ့တူ ကိုလင်းက ကားနားမှာ အရံသင့်စောင့်နေသည်။ဖေဖေက ကားမောင်းသူနေရာမှာ ဝင်ထိုင်လျက်

"လိုအပ်တာတွေ အကုန်ထည့်ပြီးပြီလား သား"

"ဟုတ် ဖေဖေကားဂိတ်ထိလိုက်ပို့မယ် မလား"

"အေး "

ခြံထဲကနေ စထွက်တာနဲ့ ကိုဇွဲဆီSMS ပို့ထားလိုက်သည်။ရွာအထိ ကားလမ်းပေါက်ပြီဖြစ်သော်လည်း ကိုဇွဲက ဦးခွန်းပထမဆုံး ရွာကို သွားတဲ့ပုံစံအတိုင်း  Bus နဲ့ပဲ သွားချင်တယ်ဆိုတာနဲ့ အခုလို စီစဉ်လိုက်ရသည်။ကားဂိတ်ရောက်မှ ကိုဇွဲနဲ့ဆုံပြီး လက်မှတ်ဖြတ်ရမှာ။

"ကိုလင်း မင်းညီကို ဂရုစိုက်နော် .... မြစ်ထဲကို တစ်ယောက်တည်းဆို မသွားခိုင်းနဲ့​ကြားလား "

"ဟုတ်ကဲ့ပါ လေးလေးပိုင်  ကျွန်တော်လိုက်ကြည့်နေပါ့မယ် "

ဖေဖေနဲ့ ကိုလင်းပြောနေတာကို ငြိမ်ပြီးတော့သာ နားထောင်နေလိုက်သည်။ ဖေဖေက သူမပါဘဲ ညအိပ်ညနေခရီးတစ်ခါမလွတ်ဖူးဘူး။ ကျွန်တော် ၅နှစ်အရွယ်က စပြီး မေမေမရှိတော့ပေမဲ့ ဖေဖေက လိုအပ်သမျှ ဖြည့်ဆည်းပေးသလို အမေ့ရဲ့ မေတ္တာအစားပိုပြီးဂရုစိုက်ပေးသည်။

အခုလည်း ဦးခွန်းရှိတဲ့ရွာမို့လို့ သွားခိုင်းတာ။ဒါတောင် သူကိုယ်တိုင် လိုက်ဖို့ ဆေးခန်းက ပစ်ထားလို့မရတာကြောင့် ရန်ကုန်က ကိုလင်းကို ရအောင်လှမ်းခေါ်ပြီး အဖော်ထည့်ပေးသည်။ ကိုလင်းက Emajor တတိယနှစ်ရောက်နေပြီး ဆယ်တန်းကနေ အခုချိန်ထိ ဖေဖေက တာဝန်ယူပြီးကျောင်းထားပေးတာကြောင့် ဖေဖေ့စကားဆို သားဖြစ်တဲ့ ကျွန်တော့်ထက်တောင်ပိုပြီး လိုက်နာသည်။

ကျွန်တော့်ချစ်သူ စာရေးသူOnde histórias criam vida. Descubra agora