Ep -7(Zawgyi)

1K 95 3
                                    

"ကိုယ်အိမ်ရှေ့မှာ ရောက်နေပြီ ငယ်"

ဖုန်းထဲက SMSကို မြင်တာနဲ့ အစောကြီးထပြီး အရံသင့် ပြင်ဆင်ထားသော လှိုင်းငယ်က အိမ်အပေါ်ထပ်ကနေ ဒုန်းစိုင်း ပြေးဆင်းလာသည်။ဦးခွန်းတို့ ရွာကနေအပြန် လမ်းမှာ ဖွင့်ပြောပြီးကတည်းက ကိုဇွဲနဲ့ မျက်နှာချင်း မဆိုင်ရဲဘဲ ရှောင်နေခဲ့တာ တစ်ပါတ်ရှိပြီ။ မနေ့ညကမှ ကိုဇွဲ facebook Accမှာ စာအုပ်ဆိုင်လေး တင်ထားတာတွေ့ပြီး အတူသွားရအောင်ဆိုကာ အရဲစွန့် သွားပြောထားရတာ။

မနက်ဖြန် ငယ့်အိမ်ကို ကိုယ်လာခေါ်မယ်ဆိုတဲ့ စာလေးကိုကြည့်ပြီး ညဉ့်နက်တဲ့ထိကို ရင်ခုန်ပြီး အိပ်မပျော်နိုင်ဘူး။တွေ့ရင် ဘယ်လိုရင်ဆိုင်ရမလဲ တွေးရင်း အိမ်ထဲက ပြေးထွက်လာပေမယ့် ခြံပေါက်ဝနားရောက်မှ လှိုင်းငယ်ခြေလှမ်းတို့ နှေးကွေးစွာ တစ်လှမ်းချင်းလှမ်းနေမိသည်။ခြံတံခါးဖွင့်ပြီး အပြင်ထွက်လိုက်တော့ အုတ်နံရံဘေးမှာ လက်ပိုက်ကာရပ်နေတဲ့ ချစ်ရပါသောသူ။ မြင့်မားတဲ့အရပ်နဲ့ လိုက်ဖက်လှသည့် စတိုင်ပန်အနက်ရောင်၊ရှပ်အညိုဟာ ကိုဇွဲရဲ့ ကိုယ်ပေါ်မှာ တင့်တင့်တယ်တယ်။ လှိုင်းငယ်ထွက်လာတာမြင်တော့ ပြုံးပြပြီး

"မနက်စာ စားခဲ့လား ငယ်"

"ဟုတ်... အဲ ... မစားရသေးဘူး ကိုဇွဲ"

"ကိုယ်လည်း မစားရသေးဘူး coffee ဆိုင်အရင်သွားမလား စာအုပ်ဆိုင်ကို ၀င်ပြီးမှ မနက်စာ စားမလား ငယ် ဘယ်ကို အရင်သွားချင်လဲ"

ပုံမှန်တွေ့နေကျ car မဟုတ်ဘဲ ကိုဇွဲယူလာတာ ဆိုင်ကယ် ဖြစ်နေသောကြောင့် လှိုင်းငယ်ပိုစိတ်လှုပ်ရှားပြီး စကားကို ချက်ချင်းပြန်မဖြေနိုင်သေးပေ။ဒါကိုရိပ်မိတဲ့ ကိုဇွဲက ဆိုင်ကယ်ပေါ် အကျအန တက်ခွလိုက်ပြီး

"ကားနဲ့သွားရတာထက် မနက်ခင်း ဆိုင်လေးရော ပတ်စီးတာကောင်းမလားလို့ ကိုယ့်ဖေဖေဆီက ခဏငှားလာတာ ငယ်လိုက်လို့ အဆင်ပြေလား"

"ပြေတယ် ကိုဇွဲ ... ကျွန်တော် ဆိုင်ကယ်စီးရတာ ကြိုက်တယ်"

ကိုဇွဲနဲ့သာဆို ဆိုက်ကားနဲ့လည်း အဆင်ပြေတယ်ဆိုတာတော့ ထည့်မပြောဖြစ်။ဆိုင်ကယ်နောက်ကနေတက်လိုက်ပြီး အညိုရောင်ရှပ်အင်္ကျီကျကို ခပ်တင်းတင်းဆွဲကာ ပြေပြစ်နေသော ခါးထံ ဖက်ထားလိုက်သည်။မလိုလားတဲ့ အမူအယာမပြတာကြောင့် ပိုတိုးလို့ဖက်လိုက်ပြီး မျက်နှာမှာ ဖုံးကွယ်လို့မရတဲ့ အပြုံးတစ်ပွင့်။ဒါကို ဆိုင်ကယ်နောက်ကြည့်မှန်ကနေ တစ်ဆင့်မြင်နေရတဲ့ ဇွဲကလည်း အလားတူ ပါးချိုင့်လေးနှစ်ဖက်လုံး ခွက်နေအောင် ပြုံးလိုက်ပြီး မနှေးမမြန်အရှိန်ဖြင့် ဆိုင်ကယ်ကို စတင်ထွက်ခွာလိုက်သည်။

ကျွန်တော့်ချစ်သူ စာရေးသူWhere stories live. Discover now