အခန်း ၁၃၄

Start from the beginning
                                    

အဲ့တာက မိချောင်းသားရေခြုံထားတဲ့ ခွေးအကြီးကြီးတစ်ကောင်သာဖြစ်သည်. Sir Ainno ကြွားဝါနေသည်.

"ဒီကောင်က သိပ်မကြာခင်က ကျွန်တော် Msmel သစ်တောမှာ အမဲလိုက်ရင်း ဖမ်းမိထားတာ. ဒီကောင့်ကို မိချောင်းခွေး လို့ ခေါ်မယ်! ကျွန်တော်တို့ အထူးတပ်ဖွဲ့က ခွေးတစ်ကောင်လို သစ္စာရှိပြီးတော့ မိချောင်းတစ်ကောင်ရဲ့ ရက်စက်သန်မာမှုလိုမျိုးနဲ့ ဧကရာဇ်ဆီမှာ အမှုထမ်းမှာပါ"

ဒါက ဧကရာဇ်ကို တမင်သက်သက် စိတ်မသက်မသာဖြစ်အောင် လုပ်နေတာဖြစ်သည်. Sir Ainno က လုံးဝကျက်သရေမရှိတဲ့ကောင်ပဲ! ရုတ်တရက် လူတွေက Sir Ainno ပျောက်သွားရခြင်း အကြောင်းကို အမှတ်ရလိုက်သည်. သူက Msmel သစ်တောထဲသွားကာ မိချောင်းသွားဖမ်းနေတာဖြစ်ရမည်.

Lucius က မျက်မှောင်ကြုံ့လိုက်ကာ Sir Ainno ကို ကြည့်နေသည်. သူက တွားသွားသတ္တဝါတွေကို ကြောက်တဲ့အကြောင်းကို ဖုံးကွယ်ထားဖို့လိုတာကြောင့် ဘာစကားမှ မပြောနိုင်ပေ. အဲ့နောက်တော့ သူက အထူးတပ်ဖွဲ့ရဲ့ အလံကို မြင်လိုက်သည်. မိချောင်းရဲ့ ကိုယ်မှာ ခွေးခြေထောက်လေးချောင်းရှိနေပြီး အဲ့တာက ကြောက်ဖို့ကောင်းကာ အံ့အားသင့်စရာလဲကောင်းသည်.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


မိချောင်းတစ်ခါမှမြင်ဖူးကြတဲ့ မြောက်ပိုင်းသားတွေက အထင်ကြီးသွားကြသည်. ကြီးမားပြီးချွန်ထက်နေတဲ့ သွားတွေ, ထိုးဖောက်ဖို့ ခဲယဉ်းတဲ့ အရေခွံ, နဲ့ ကြောက်ဖို့ကောင်းတဲ့ မျက်လုံးတွေ...

"ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတဲ့ သတ္တဝါလဲ. ကြည့်ရတာ အရမ်းသန်မာမဲ့ပုံပဲ"

"ဒါက လုံးဝအံ့အားသင့်စရာပဲ! ငါတို့ ဒါမျိုးကို တစ်ခါမှ မမြင်ဖူးဘူး"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now