အခန်း ၁၂၁

Start from the beginning
                                    

သိသာထင်ရှားတဲ့ ဖွဲ့စည်းပုံရှိတဲ့ တောင်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေလိုမဟုတ်ပဲ Acreia မှာရှိတဲ့ ရာထူးအဆင့်အလိုက် အာဏာခွဲဝေမှုနဲ့ လွှမ်းမိုးခြယ်လှယ်နိုင်မှုက မတိကျမသေချာချေ. ထပ်ပြောရရင် လက်အောက်ခံနယ်မြေတွေက အထက်တန်းလွှာအဟောင်းဖြစ်ဖြစ် အသစ်ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို Lucius က အမိန့်ပေးနိုင်ပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်မြို့တော်က အထက်တန်းလွှာတွေကိုတော့ အမိန့်ပေးလို့မရပေ.

ဧကရာဇ်က အထက်တန်းလွှာတွေအများကြီးနဲ့ ပြောဆိုဆက်ဆံရဖို့ရှိသည်. သူ့အလုပ်တွေကို ပိုပြီးရိုးရှင်းအောင်လုပ်ဖို့နဲ့ သူ့အာဏာကို ပိုခိုင်ခံ့အောင်လုပ်ဖို့အတွက် Lucius က ရာထူးအဆင့် တစ်ခုချင်းစီကို စစ်တပ်ရာထူးတွေလိုမျိုး သေချာသတ်မှတ်ဖို့ စီစဉ်နေသည်. အထက်တန်းလွှာတွေရဲ့ အပြုအမူပေါ်လိုက်ပြီးတော့ သူတို့ရဲ့ အဆင့်တွေကို အတိုးအလျော့လုပ်ဖို့ ဥပဒေကိုလဲ ဧကရာဇ်က ပြဌာန်းချင်နေသည်. ဒီဥပဒေက လက်အောက်ခံနယ်မြေတွေမှာ အသက်ဝင်နေပြီဖြစ်ပေမဲ့ Nanaba က အကြီးအကဲတွေက ဒီဟာကို လက်ခံမလား လက်မခံဘူးလားဆိုတာက ပြဿနာဖြစ်နေသည်.

ငယ်ရွယ်တဲ့ အထက်တန်းလွှာအရာရှိတွေကတော့ သူတို့အတွက် ရာထူးတိုးလာနိုင်ချေရှိတာကြောင့် ဒီအကြံကို လက်ခံကြမယ်လို့ Lucius မျှော်လင့်ထားပေမဲ့ ရာထူးတက်စရာမရှိပဲ ရာထူးနိမ့်သွားဖို့ သေချာနေတဲ့ ဒီအကြီးအကဲတွေကတော့ ဆန့်ကျင်မှာသေချာသည်.


'ငါ ခေါင်းကိုက်လာပြီ'

ဒါပေမဲ့ သူ့ရန်သူတွေအရှေ့မှာ အားနည်းချက်ကို ပြလို့မဖြစ်တာကြောင့် Lucius က သူစိတ်ပူနေတာကိုဖုံးကွယ်ပြီး ရွှင်ပြစွာနဲ့ ပြုံးပြလိုက်သည်.

*****

ဧကရာဇ်ဆီမှာ စိတ်ပူစရာအသစ်တွေရှိလာတိုင်း Poliana မှာလဲ စိန်ခေါ်မှုအသစ်တွေရနေကြနဲ့တူသည်. သူမအလုပ်နေရာကို ပြန်ရောက်တော့ သူမအတွက် အလုပ်တွေ ပုံနေသည်. သူမလုပ်စရာတွေ အများကြီးဖြစ်နေတာကို မယုံနိုင်တာကြောင့် သူမက Sir Wook ကို ဖမ်းဆွဲကာ မေးလိုက်သည်.

"ငါမရှိတဲ့အချိန် မင်းတို့ ဘာမှမလုပ်ကြဘူးလား?"

"မဟုတ်တာပဲ! Sir Poliana ကျွန်တော်ရော Sir Jainno ရော အလုပ်တွေ တတ်နိင်သလောက် လုပ်ပါတယ်ဗျာ"

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now