Part 41

4.8K 574 67
                                    

[Zawgyi]

"သားငယ်အမှုအတွက် စိတ်ကြိုက်စီမံပိုင်ခွင့် ပေးလိုက်တယ်ဆိုတာ ကိုယ်ထိလက်ရောက် ရိုက်နှက်ပိုင်ခွင့်မပါပါဘူး မောင်ရင်တို့ ... အနာတရဖြစ်တဲ့အထိ ရိုက်နှက်ကျူးလွန်ထားတာတော့ ဘယ်လိုဖြစ်တာလဲ"

"ဒီကိစ္စအတွက်တော့ ကျွန်တော်တို့ တောင်းပန်ပါတယ်ဗျ ... စကားအရာနဲ့ မိုက်ရိုင်းစော်ကားနေတာမျိုးက သည်းခံလို့မရနိုင်တော့တဲ့ အနေအထားဖြစ်နေတာမလို့ နည်းနည်းလက်လွန်သွားရုံပါ"

"အို ! ကိုယ့်သားသမီး မဟုတ်တိုင်း သူများသားသမီးကို ဒီလောက်ထိ ဖူးယောင်နေအောင် ရိုက်နှက်ထားတာက နည်းနည်းလက်လွန်ရုံဖြစ်မလား"

အစကတော့ မဟာထူးမြတ်တို့ အနေအေးပြီး သဘောကောင်းပုံရမယ်လို့ ထင်ခဲ့တဲ့အမျိုးသမီး တစ်နည်းအားဖြင့် ဦးထင်သာရဲ့ အမျိုးသမီး၊ မင်းခန့်အောင်ရဲ့ အမေက မဟာတို့ကို မင်းခန့်အောင်အား ရိုက်နှက်ထားမှုနဲ့ ပတ်သတ်ပြီး ဖြေရှင်းချက်တောင်းနေခြင်း ဖြစ်သည်။ ထိုင်နေတာက ရဲအုပ်ရဲ့ ရုံးခန်းထဲမှာမလို့ လူစုံတက်စုံရောက်နေကြသည်။ တစ်ဖက်ခုံမှာထိုင်နေကြတဲ့ ဟိန်းဆက်ရဲ့ မိဘနှစ်ပါးကတော့ သက်ပြင်းတချချနဲ့ ဘာမှမပြော။

"ဦးလေးတို့သားက တရားခံဆိုတာ မှန်ပေမယ့် အခုလဲ တရားခံဆိုတဲ့အတိုင်း ဖမ်းချုပ်ထားခွင့်ရနေပြီပဲ ... ကိုယ်ထိလက်ရောက် တရားလွန်လုပ်တာတော့ မဟုတ်သေးပါဘူး"

"လုပ်သင့်လို့ လုပ်ရတာပါဗျ ... ဘာအကြောင်းကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကို သိချင်ရင် ကျွန်တော်တို့က သက်သေအသံဖိုင်ကို ချပြပေးလို့ရပါတယ် ... ကျွန်တော်တို့ကတော့ သူများအမှားကို ကိုယ့်အမှားမဖြစ်စေချင်ပါဘူး ... တရားခံကို ရိုက်နှက်မိလို့ အမှားဖြစ်တယ်ဆိုရင်တောင် အဲ့အမှားမျိုးက အကြောင်းရှိလို့ အကျိုးဖြစ်လာတဲ့အမှားမျိုးပါ ... ဖြေရှင်းချက်လိုချင်တယ်ဆိုရင်တော့ အသံဖိုင်တွေ နားထောင်လို့ရပါတယ်"

"အဟမ်းးး ... ဒါကတော့"

မဟာထူးမြတ်ရဲ့ ပြတ်ပြတ်သားသားစကားအောက်မှာ ဦးထင်သာတို့ ဇနီးမောင်နှံမှာ မလူးသာမလွန့်သာ။ စကားပြောတာ မလေးစားဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် မဟာတို့ဘက်က အမှားလို့ မခံစားရတာကြောင့် မဟာ့အနေနဲ့က ခေါင်းငုံ့မခံနိုင်။ ရဲမှူးဘက်ကို ကြည့်လိုက်တော့လဲ ရဲမှူးက အဆင်ပြေပါတယ်ဆိုတဲ့သဘောနဲ့ မဟာ့ကို ခေါင်းညိမ့်ပြသည်။

Unconditionally [Completed]Where stories live. Discover now