အပိုင်း - ၂

Start from the beginning
                                    

အကြောင်းပြချက်မရှိပါဘဲ ထိုသူ၏ ယုံကြည်မှုလွန်ကဲနေခြင်းကြောင့် ကျွန်ုပ်ဒေါသထွက်သွားပြီး ဒေါသအလျောက် ဆက်မပြောဘဲ မနေနိုင်တော့။

"ငါ့ဆရာသာ မင်းလိုလူမျိုးဖြစ်နေရင် ဝေးဝေးပြေးနိုင်သလောက် ငါထွက်ပြေးမှာပဲ။ ပြီးတော့ မင်းအစား သေခြင်းတရားကိုပဲ ရွေးမိလိမ့်မယ်"

"ခင်ဗျားက သူမနဲ့ ကွာတယ်လေ"

ကျွန်ုပ်စကားကို ကြားပြီးနောက် သူ့နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်လာကာ အပြုံးခပ်ဖျော့ဖျော့တစ်ခုဖြစ်တည်လာ၏။

"သူမက ကျွန်တော့်ကမ္ဘာမှာရှိတဲ့ တစ်ဦးတည်းသောသူပဲ။ ဆယ်နှစ်ကျော်ကြာအောင် သူမကြီးပြင်းလာတာကို ကျွန်တော်စောင့်ကြည့်ခဲ့တယ်။ ဒီကမ္ဘာပေါ်မှာ သူမကို ကျွန်တော့်ထက်ပိုပြီး နားလည်တဲ့သူမရှိဘူး။ သူမက ကျွန်တော့်ကို ချစ်တယ်။ သူမ,သေရင်တောင် ကျွန်တော့်ဘေးမှာပဲသေဖို့ ရွေးချယ်မှာ"

ထိုသူသည် သံသယအရိပ်အမြွက်မျှပင် မရှိဘဲ ပြောဆိုနေလေ၏။ ဒေါသူပုန်ထသွားသော ကျွန်ုပ်သည်လည်း အံကြိတ်ကာ စုပိုင်အတွက် ခံပြင်းမိသွားသည်။ သို့သော် မျက်ဆံကိုသာ လှန်လိုက်ပြီး သည်းခံရင်း ပြောလိုက်သည်။

"ဒီနေ့ညငါတို့ သူမအိပ်မက်ထဲဝင်ကြမယ်"

"ကောင်းပါပြီ"

သူကား တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလေ၏။

ထိုည၌ အစီအစဉ်များကို ကျွန်ုပ်ပြုလုပ်ပြီးနောက် သူနှင့်အတူပါလာသော သူ၏စွမ်းအားအကြီးဆုံးကူသတ္တဝါ'ကျွယ်ရှား'တစ်ဖြစ်လဲ ထိုမိန်းကလေးအား တံခါးပေါက်ကို စောင့်ကြပ်ခိုင်းရန် ယွဲ့ချီအား တောင်းဆိုလိုက်သည်။

ပြီးနောက် သူ့ကို လဲလျောင်းစေပြီး အနီရောင်ကြိုးလေးဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ရစ်ပတ်လိုက်ပြီး ကြိုး၏အခြားတစ်ဖက်ကို ကျွန်ုပ်ကိုယ်ပတ်လည်၌ တွဲချည်လိုက်သည်။ ကျွန်ုပ်တို့နှစ်ယောက်လုံး ဝါးကွပ်ပျစ်ပေါ်တွင် အိပ်စက်ပြီး မျက်လုံးများကို မှိတ်ထားကြ၏။

များမကြာမီ ကျွန်ုပ်ရှေ့တည့်တည့်တွင် စူးရှသောအလင်းတစ်ခုကို တွေ့ရသောကြောင့် ၎င်းဆီသို့ လမ်းလျှောက်သွားလေရာ ကျွန်ုပ်ရောက်လာမှုကို စောင့်ဆိုင်းနေသော ယွဲ့ချီကို တွေ့လိုက်ရသည်။ သူ့နားသို့ ကျွန်ုပ်ရောက်သောအခါ ထိုနေရာသည် စစ်မြေပြင်အဖြစ် ပြောင်းလဲသွားပြီး ကျွန်ုပ်သည်လည်း ဦးတည်ရာမျိုးစုံမှလာသော စစ်သည်များ၏ စစ်ညာသံများ၊ စစ်မြင်းများ၏ သဲသဲမဲမဲဟီသံများဖြင့် ရုတ်ချည်းဝန်းရံခံလိုက်ရ၏။

ကူတစ်သောင်းရဲ့ အလင်္ကာWhere stories live. Discover now