Jennie ရဲ့ပါးပြင်ပေါ်မှာ မျက်ရည်စတွေက
အဆက်မပြတ်ခုန်ဆင်းလာပြီးနောက်
ကုန်းရုန်းထကာ Jennie သူ့ကိုပြေးဖက်လိုက်သည်။

"ဘာလို့ငိုနေတာလဲ....Wae...Wae...ဘာဖြစ်တာလဲ"

"တစ်ကယ်လား တစ်ကယ်နင်ပဲလား ..."

"ဘာလို့လဲ...ငါက ငါပေါ့...."

Jennie သူ့ကိုတင်းကျပ်စွာဖက်ထားလိုက်ပြီး
အသံထွက်အောင် အော်ငိုမိလိုက်သည်။

"နာပွန်းယောဂျား (မကောင်းတဲ့ မိန်းမ)
ငါနင့်ကြောင့် ရူးမလိုလို သေမလိုလိုဖြစ်နေခဲ့တာ
မသိဘူးမလား...မုန်းတယ် နင့်ကိုမုန်းတယ်
နင့်ကို အရမ်းချစ်နေတဲ့ ငါ့ကိုငါလဲမုန်းတယ် "

"Wae....တစ်ယောက်တည်း ဘာဖြစ်နေရပြန်တာလဲ"

"Molla...ငါကရူးနေတာလားမသိတော့ဘူး
အဲ့ဒါနင့်ကြောင့် "

"Wae...ဘာတွေဖြစ်နေရတာလဲ ပြောပြပါအုံး"

"တော်သေးတာပေါ့ ပြန်လာခဲ့ပေးလို့
ငါ့ဆီပြန်လာခဲ့လို့ ကျေးဇူးအများကြီးတင်တယ်"

"ဒီ Paboo လေးကတော့ကွာ ဘာဖြစ်နေတာလဲလို့
Yrrr....လွှတ်ပါအုံး မျက်နှာလေးကြည့်ရအောင်"

"မလွှတ်ဘူး တစ်သက်လုံး ဒီအတိုင်းပဲနေတော့မှာ..."

"ဆေးမမှီတော့ဘူးပဲ...."

JiSoo. သူမကို ခပ်တင်းတင်းပြန်ဖက်ထားရင်း
ဆိုဖာပေါ်ထိုင်ချလိုက်သည်။

"Yarrr...မျက်နှာလေးကြည့်ရအောင်လို့ ....
သတိရလို့ပါဆို...Jennie ya....."

"မကြည့်နဲ့ ငိုထားလို့ ရုပ်ဆိုးနေမှာပဲ "

"ရုပ်ဆိုးလေးလဲကြည့်မှာပဲ....Jen..."

Jennie. ..သူ့ရင်ခွင်ထဲခေါင်းတိုးဝင်ရင်း ခပ်တိုးတိုးလေး ငိုနေမိပြီး....

သူ့ရင်ခွင်ထဲခေါင်းတိုးဝင်ရင်း ခပ်တိုးတိုးလေး ငိုနေမိပြီး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
GASHINA (Completed )Where stories live. Discover now