{6} ပထမဆုံး အနမ်း

5K 405 21
                                    

Unicode ver

Gashina

Episode _ 6

"ဘယ်လိုနေလဲဟင်"

"မဆိုးပါဘူး တစ်ခုခုတော့လိုနေတယ်"

"ဟုတ်လား...ဘာလိုတာလဲ ပြောပြလေ
ပြန်ပြင်ပေးမယ်"

"ငါက ရင်းနှီးအောင်လုပ်နေတာကို တော်ရုံပဲချေစမ်းပါ"

"Boh....ဘယ်လို...ဘာပြောလိုက်တာ"

" Arrni...စားလို့ကောင်းပါတယ်လို့ "

"မဟုတ်ပါဘူးတစ်ခုခုပြောလိုက်ပါတယ်...
စားလို့ကောင်းတယ်လို့ပြောတာမဟုတ်ပါဘူး"

"Arrni....မင်းနားကြားမှားတာပါ
ငံနေတာလဲမဟုတ်ဘူး ပေါ့နေတာလည်းမဟုတ်ဘူး
ဘာလိုတာလဲဆိုတော့ တစ်ခုခုပဲ  ဘာလိုလို့လိုနေတာလဲဆိုတော့...
Arrr....နည်းနည်းအကျက်လွန်သွားတာလား
ဒီငါးက အဲ့လောက္ မကျက်ရဘူးလေ
သူ့အပူချိန်ကွက်တိမှာစားရတာ ...အဲ့ဒါကြောင့်ထင်တယ်
ငါက ဟင်းကောင်းကောင်းမချက်တတ်ပေမဲ့
ကောင်းကောင်းတော့စားတတ်ပါတယ်"

" Awww...Yè...အဲ့လိုလား"

JiSoo...သူမကို အာရုံလွှဲလိုက်ပြီး
ဟင်းရဲ့အရသာကိုပဲ အသဲအသန်ဝေဖန်လိုက်သည်။
သူမပုံစံက JiSoo ပြောသမျှကို သေချာကြားလိုက်ပေမဲ့
ဟင်းပွဲအပေါ်ဝေဖန်မှုကြောင့် အာရုံလွှဲသွားပြီး
ဟင်းပွဲပေါ်ကိုအာရုံရောက်သွားပေမဲ့
အီလည်လည်ကြီးဖြစ်လို့နေလေသည်။

ဟုတ်တယ်လေ အကြောင်းအရင်းမရှိပဲ
အဲ့လောက် လာချေ နေတာကြောင့် မနေနိုင်မထိုင်နိုင်
ပြောချမိလိုက်သည်။

သို့‌ေသာ်လဲ ကိုယ့်ဘာသာကိုပြောမိပြီး
နည်းနည်းအားနာသွားသည်။
အကြောင်းအရင်း ရှိချင်လဲရှိနေမှာပေါ့
ကိုယ်မှမသိနိုင်ပဲလေ။
သူ့ပုံစံကိုက မာနကြီးပြီး သိပ်မရင်းနှီးတတ်ပဲ
ဒီလိုပဲနေတတ်တဲ့ပုံ။

"ဒါနဲ့ နောက်ရက်တွေကော လာမြည်းပေးလို့ရတယ်မလား"

"အဲ့ဒါဆိုရင် ကျေးဇူးတင်မိမှာပေါ့"

"အဲ့ဒါဆို နောက်ရက်တွေချက်ရင်
ငါ့အတွက် ရည်ရွယ်ပြီးချက်လေ"

"YÈ...??"

သူမက JiSoo စကားကို နားမလည်သလိုနဲ့
လှမ်းကြည့်သည်။

GASHINA (Completed )Where stories live. Discover now