I don't love you

4.7K 368 76
                                    

Gashina

Episode - 33

JiSoo... Jennieရဲ့ လက်ကလေးကို လိုက်ဆွဲရင်း
ရှင်းပြဖို့ကြိုးစားနေပေမဲ့

သူမက နဲနဲလေးမှ အရှင်းပြမခံပဲ
သူထင်တာပဲ သူပြောနေလေတော့သည်။

"ငါ့ အသားကို လာမထိနဲ့  သွားအဲ့ဒီအချစ်ဦးဆီပဲသွား
အခုချိန်ထိ အဆက်အသွယ်ရှိနေသေးတာကို
ဘာလို့ငါ့ကို အသိမပေးလဲ....
အဲ့ဒီကတည်းက နင်မရိုးသားတာ....တော်သေးတာပေါ့
Lisa ပြောပြလို့ မဟုတ်ရင် ငါ ဘာမှကို သိရမှာမဟုတ်ဘူး"

"Jennie ya....မဟုတ်တာတွေမပြောစမ်းနဲ့ကွာ
ငါတောင် သူပြောမှသိရတာ....
Lisa ဆေးထိုးလိုက်တာနေမှာပါ
သူနဲ့ငါ အဆက်အသွယ်မရှိတာကြာနေပါပြီ"

"ဘာလဲ သူဆက်သွယ်လာရင်
နင်က သူနဲ့ ဇာတ်လမ်းပြန်စမလို့လား"

"မဟုတ်ရပါဘူး ဒီအတိုင်းပြောပြတာပါ....
Jen....တော်ပြီကွာ....ရန်မဖြစ်ချင်တော့ဘူး
ဘာလို့ အဲ့လိုအကျိုးမရှိတာတွေနဲ့ ရန်ခနခန ဖြစ်နေမှာလဲ
အခု ငါ ချစ်နေတာ မင်းပဲလေ....
တခြားလူတစ်ယောက်ကြောင့် ငါတို့နှစ်ယောက်ကြားကို
ဘာလို့ပြသာနာအဖြစ်ခံမှာလဲ...
အခု ငါက သူ့ကိုသွားတွေ့နေလို့လား
သွားတွေ့လို့ပြသနာရှာတယ်ဆိုရင်လဲ တော်သေးတယ်
ငါသွားမတွေ့နေဘူးလေ...."

"ငါ မသိအောင် သွားတွေ့ချင်နေတာမလား"

"yrrrr.. တော်ပြီကွာ....တစ်ကယ်စိတ်ညစ်လာပြီ
ငါ ဘယ်လိုလုပ်ပေးမှ နင်ပြသနာရှာတာရပ်မှာလဲ
ငါထွက်သွားပေးရမလား....ဒါမှမဟုတ်
သေပေးရမှာလား....
နင်ဒီလိုမဟုတ်တဲ့ ပြသနာတွေရှာတိုင်း
ငါအရမ်းမွမ်းကျပ်တယ်...."

"ဘာလဲ နင်က ငါ့ကို ငြိုငြင် တာလား
အခုလိုတွေဖြစ်နေရတာ ငါနင့်ကိုချစ်လို့လေ "

"ငါကရော နင့်ကို မချစ်နေလို့လား
ငါလဲနင့်ကိုချစ်လွန်းလို့ နင်ရစ်သမျှ အလျှော့ပေးပြီး အမြဲချော့နေတာပဲ....
ဒါတောင်မလုံလောက်သေးဘူးလား....
စိတ်ကုန်လိုက်တာ...."

"ငါ ခနခန ပြောထားတယ်နော် အဲ့လိုစိတ်ကုန်တဲ့
စကား ခနခန မပြောနဲ့လို့ "

"ဒါဆို နင်လဲ ပြသနာရှာလွန်းတာတွေလျှော့လေ
တစ်ခါလည်းမဟုတ် နှစ်ခါလဲမဟုတ်
အမြဲတမ်းကြီးကျတော့ ဘယ်သူက သည်းခံနိုင်မှာလဲ...
ပြန်တော့ မိုးချုပ်နေပြီ ..."

GASHINA (Completed )حيث تعيش القصص. اكتشف الآن