{18} ဝန်ခံခြင်း

4.9K 394 34
                                    

Unicode version

Gashina

Episode - 18

Lisa ... Jennie ကိုနှုတ်ဆက်ခဲ့လိုက်ပြီး
Chaengရှိနေမဲ့ ကောင်တာ နံပါတ် ၅ ဆီသို့
သွားလိုက်သည်။

သူမက ကောင်တာထဲက ရတနာတွေကို
သေချာအာရုံစိုက်ကာ စီနေလေ၏။

"Chaeng...."

"aww...Lisa ya....ဘယ်လိုလုပ်ရောက်လာတာလဲ
မနက်က JiSoo unnieကို နင်လာခေါ်သွားတာမလား
သူတစ်ကယ်ပြန်သွားတာလား ....
ငါ့ကိုတောင် သူ မနုတ်ဆက်သွားဘူး "

"Arrni yar....သူနင့်ကိုစသွားတာ
နင်စိတ်မကောင်းဖြစ်နေမှာသိလို့ အခုလာပြောပြတာ
Visa သက်တမ်းသွားတိုးတာတဲ့
သူပြန်လာမှာပါ....."

"မသိပါဘူး ငါက သူတစ်ကယ်ပြန်သွားတယ်ထင်ပြီး
စိတ်မကောင်းဖြစ်နေတာ ငိုတောင်ငိုမိသွားတယ် "

"Kadae....အဲ့လောက်တောင်ပဲလား
သူ့အကြောင်းနင်လဲသိရက်သားနဲ့
သူမသွားခင်ကတောင် ငါ့ကိုမှာသွားသေးတယ်
သူမရှိတဲ့အချိန်နင့်ကို ပိုပြီး ဂရုစိုက်ပေးဖို့လေ"

Chaeng...ထိုစကားလေးကြောင့် ချက်ချင်းပဲ
မျက်ရည်တွေက ဝေ့တက်လာလေ၏။

"Yarr....နင်ကလဲ....သူက အဲ့လိုပဲလေ
အစအနောက်ကလဲသန်တာ....ပြီးရင်
သူများစိတ်မကောင်းဖြစ်အောင်လဲ ဂရုစိုက်တတ်သေးတာ
ညနေ ငါနင့်ကိုလာခေါ်မယ်
ဟိုတစ်ခါသွားတဲ့ မြစ်ကမ်းဘေးမှာ
beer သွားသောက်ရအောင် ပြီးရင်
သူ့ကို video call ခေါ်ပြီး နှိပ်စက်ကြမယ် "

"အင်း အဲ့လို လုပ်ရအောင် "

"ဒါဆို ငါသွားပြီ နော် ။အလုပ်ဆက်လုပ်လိုက်အုံး "

Chaeng...ခေါင်းလေးညိမ့်ပြလိုက်သည်။

Lisa က တော်တော်လေးကို အားကိုးရပြီး
Chaeng အပေါ်လည်းတော်တော်လေးကို
ဂရုစိုက်ကာ ကောင်းပေးခဲ့သည်။

ခင်တာ သိပ်မကြာသေးပေမဲ့
တစ်ကယ့်သူငယ်ချင်းအရင်းတွေလိုပဲ
ပေါင်းလို့သင်းလို့ကောင်းမွန်လှတဲ့
type မျိုးဖြစ်လေသည်။

တစ်ခါတစ်ရံ သူ့အကြည့်နဲ့ အပြုအမူတို့က
သူငယ်ချင်းထက် အနည်းငယ်ပိုနေတာကလွဲရင်ပေါ့။
.
.
.
.
.
.

GASHINA (Completed )Tempat cerita menjadi hidup. Temukan sekarang