အာဖား

4.5K 370 21
                                    

Unicode version

.
.
.
.
Gashina

.
.
.

Episode -23

JiSoo....Jennie. ထွက်သွားပြီးကတည်းက
အိမ်သန့်ရှင်းရေးတွေ ထလုပ်လိုက်ပြီး
Breakfast စားလိုက်သည်။

ပြီးတော့ Korea ကနေ ဝယ်လာတဲ့ လက်ဆောင်အချို့ကို
ခွဲထုတ်ရင်း Jennie အတွက်ရယ်
Chaeng နဲ့ Lisa အတွက်ရယ်...
ဆိုင်က သူငယ်ချင်းဝန်ထမ်းအချို့ရယ်အတွက်
သပ်သပ်ဆီ ထုပ်ပိုးနေလိုက်သည်။

ဘာလိုလိုနဲ့ ၁၂ နာရီတောင်ကျော်သွားပြီပဲ။

ငါ့အချစ်ကလေးကို သတိရလိုက်တာ
လက်ဆောင်တွေသွားပေးရင်း
သူ့မျက်နှာလေးကို သွားကြည့်လိုက်ပါအုံးမယ်လေ...
ဒီအချိန်ဆို နေ့လည်စာစားပြီးလောက်ရောပေါ့။

ရုံးခန်းထဲမှာပဲ အလုပ်ရှုပ်နေမလား...

ကြာပါတယ် ....အခုပဲသွားတွေ့လိုက်မယ်။

Jisoo...လက်ဆောင်အထုပ်လေးတွေကိုဆွဲယူပြီး
taxi တစ်စီးငှားကာ ထွက်လာခဲ့လိုက်သည်။

"အရင်ဆုံး Lisa ဆီသွားလိုက်ပါ့မယ်။
ပြန်ရောက်တာကို သူ့ကိုကြိုမပြောလို့...စိတ်ဆိုးနေအုန်းမယ်
ပြီးမှ ဆိုင်ဘက်ကို ကူးသွားလိုက်ပါမယ်လေ...."

ထိုသို့တွေးရင်း Lisa တို့ဆိုင်နားရောက်ကာနီးလောက်မှာပဲ
Jennie ဆီကို msg လှမ်းပို့ထားလိုက်သည်။

"အခု ဆိုင်ကိုလာနေပြီ ရောက်ကာနီးပြီ "

သို့သော် သူမဆီက  msg
ချက်ချင်း reply မပြန်လာတာကြောင့်

"အချစ်ကလေးက အလုပ်တွေ ရှုပ်နေတာနေမှာ "

ထိုအတွေးနဲ့ပဲ....Lisa ရဲ့ ဆိုင်ထဲသို့ ဝင်လာလိုက်သည်။

Lisa က မိမိကိုတွေ့လိုက်တာနဲ့ ...

"Unnie....ဘယ်အချိန်ကပြန်ရောက်တာလဲ...
ငါ့ကိုတောင် ph တစ်ချက်မဆက်ဘူး
ငါလာကြိုမှာပေါ့..."

"နင် အလုပ်ရှုပ်နေမှာစိုးလို့လေ...
ငါ့ဘာသာပဲပြန်လာလိုက်တာ....
အခုက ကိုယ့်အိမ်ကိုယ်ပြန်လာဖို့အထိတော့ ပြောတတ်နေပါပြီ
ရော့..ဒီမှာ လက်ဆောင်...."

Lisa. ..JiSoo ပေးတဲ့ အထုပ်ကလေးကို လှမ်းယူကာ
ကြည့်လိုက်ပြီး...

မိမိသိပ်ကြိုက်တဲ့ Korea အစားအစာတွေဖြစ်နေတာကြောင့်

GASHINA (Completed )Where stories live. Discover now