You want to sleep over. ??

5K 377 17
                                    


Unicode version

.
.
.
.

Gashina

Episode - 31

လွန်ခဲ့သော မိနစ် အနည်းငယ်ခန့်က....

JiSoo. ..Jennie နဲ့ ph ပြောပြီးနောက်
သူမနဲ့ အပြင်သွားဖြစ်မယ်လို့ထင်ပြီး
လဲထားတဲ့ အဝတ်တွေကို စိတ်ပျက်စွာ
ချွတ်နေလိုက်သည်။

မိမိကို သက်တောင့်သက်သာဖြစ်စေမဲ့
ခပ်ပွပွ Shirt နဲ့
ဘောင်းဘီလေးကို လဲဝတ်ပြီး
Game ကစားဖို့ ပြင်လိုက်ပေမဲ့

အခန်းထောင့်က အမဲရောင်  အမှိုက်နှစ်ထုတ်ကို
တွေ့လိုက်တာကြောင့်
ph လေးကို ကုတင်ပေါ်တင်ထားလိုက်ကာ
အမှိုက်ပြစ်ဖို့ တိုက်အောက်ကို ဆင်းလာခဲ့လိုက်သည်။

တိုက်အောက်မှာ စက်ဘီးတစ်စီးနဲ့ Chaeng ကို
တွေ့လိုက်တာကြောင့်....

"Chaeng...စက်ဘီးတွေဘာတွေနဲ့ပါလား"

"Aww...Unnie. ...ခုနကမှ ဝယ်လာခဲ့တာ
အခုစမ်း စီးမလို့ ...
အမှိုက်ပြစ်မလို့လား Chaeng ပြစ်ခဲ့ပေးမယ်
ပေး...."

"Arrr....ရပါတယ်....
အားကျလိုက်တာ ငါ ဒီအသက် ဒီအရွယ်ထိရောက်နေပြီ
စက်ဘီးလဲ မစီးတတ်သလို ရေလဲမကူးတတ်သေးဘူး"

"Jinja....???တစ်ကယ်....
စီးမလား Chaeng သင်ပေးမယ်..."

"မစီးရဲဘူး လဲမှာကြောက်တာ..."

"မလဲပါဘူး စက်ဘီးကအမြင့်ကြီးမှမဟုတ်တာကို"

"တော်ပြီ...လဲမှာကြောက်တယ်"

"ဒါဆို Chaeng အနောက်က လိုက်စီးမလား"

"အဲ့လို လုပ်ရမလား ငါ့ကိုတင်နိုင်လို့လား"

"တင်နိုင်တာပေါ့ လာတက် "

JiSoo. .. စက်ဘီးမစီးဘူးတာကြောင့်
Chaeng အနောက်ကနေ ထိုင်လိုက်ပြီးမှ....
လက်ထဲက အမှိုက်ထုတ်နှစ်ထုတ်နဲ့
ကိုင်စရာမရှိကြောင့်...

"တော်ပါပြီ ငါ ကြောက်တယ်...."

"ဟာ....စီးတောင်မစီးကြည့်ရသေးဘူး
ပေး အဲ့အမှိုက်ထုတ်တွေ
Unnie သာ Chaeng ရဲ့ထိုင်ခုံကိုကိုင်ထား"

"နင် ရလို့လား "

"ဘာလို့မရ ရမှာလဲ လက်လွှတ်ပြီးတောင်
စီးတတ်သေးတယ်....တက်ပါဆို "

GASHINA (Completed )Where stories live. Discover now