💜 Extra - 2 💜🔞

Start from the beginning
                                    

" အင်း အင်း ပြန်အိပ်လေ စောသေးတာပဲ .. ဒါပေမယ့် ကိုယ့်ကိုခဏလောက်ဖယ်ပေးပါလား "

" မဖယ်ချင်ပါဘူး ဘာလို့လဲ "

" ဟို ကိုယ့်ရင်ဘတ် နည်းနည်းနာနေလို့ "

" အိုး F**k !! ဟုတ်သားပဲ "

ထိုအခါမှ Demon ချက်ချင်းမျက်လုံးပြူးကာ ဘေးဘက်ဆီရွှေ့ပေးသည်။

" ကိုကို အရမ်းနာနေလား မောင်နဲ့ဆေးရုံသွားပြရအောင်​ နော် "

" အာ .. အဲ့လောက်မလိုပါဘူးမောင်ရယ် ကိုယ်ကနည်းနည်းလေးပဲနာတာပါ "

ထိုသို့ပြောတော့ Demon က နှိုင်း ကိုအုပ်မိုးပြီး အဝတ်ကိုအသာဖွင့်ဟကာ ရင်ဘတ်ပေါ်ကတတ်တူးလေးသဘောကျသည့်မျက်ဝန်းတွေနဲ့စိုက်ကြည့်နေလေသည် ။

နှိုင်း က သူ့လူဆိုးလေးရဲ့သဘောတကျဖြစ်နေတဲ့မျက်နှာလေးကိုတွေ့ရတော့ နာကျင်မှု့တောင် ပ ပျောက်သွားသလိုပင် ။

" အဲ့လောက်သဘောကျတာလား "

" အင်း .. အများကြီးသဘောကျတယ် .. ကိုကိုသိလား ကိုကို့ ကို ပိုင်ဆိုင်ခွင့်ရတာက မောင့်ဘဝရဲ့အကြီးမားဆုံးပျော်ရွင်မှု့တစ်ခုပဲ "

" ကိုယ်လည်းမောင်နဲ့ထပ်တူပါပဲ .. ကိုယ်မောင့်ကိုအရာအားလုံးပေးနိုင်တယ် ကိုယ်လိုချင်တာ မောင့်ရဲ့ပျော်ရွင်မှု့တစ်ခုပဲ "

Demon နှဖူးပေါ်ဝဲကျနေတဲ့ဆံပင်လေးကိုဖယ်ပေးရင်း နွေးထွေးစွာပြုံးကာပြောနေတဲ့ နှိုင်း ကို Demon အသည်းယားကာ ခါးကနေတပတ်လှည့်၍ သူ့ရင်ဘတ်ပေါ်ဆီမှောက်ခုံအနေအထားနဲ့တင်လိုက်သည် ။ နှိုင်း ရဲ့ ပိန်ပိန်သွယ်သွယ်လေးဖြစ်နေတဲ့ခန္တာကိုယ်ဟာ Demon အတွက်အရမ်းအရေးပါဆွဲဆောင်အားရှိနေသလို အသည်းယားတဲ့ထဲတွင်လည်းပါသည် ။

" ကိုကိုဘာလို့မောင့်ကိုအဲ့လောက်ချစ်တာလဲ "

" အချစ်မှာအကြောင်းပြချက်လိုလို့လား မောင် တကယ်လို့လိုအပ်ရင်တောင် ကိုယ်ပြောပြနိုင်တယ်။ ကိုယ်ချစ်တဲ့လူက မောင် ဖြစ်နေလို့ချစ်တယ်။ အတ္တကြီးမိတယ်လားမပြောတတ်ပေမယ့် ကိုယ်တစ်ယောက်တည်းအတွက်အမြဲပြုံးနေတတ်တဲ့ ဒီနှုတ်ခမ်းလေးကိုလည်းချစ်တယ်။ ကိုယ့်ကြောင့်စိတ်တိုပြီးဒေါသထွက်တိုင်း တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းလေးကိုချစ်တယ် ။ ကိုယ့်ကြောင့်ဝမ်းနည်းလို့ငိုတဲ့မောင့်မျက်ဝန်းလေးတွေကိုလည်းချစ်တယ် ။ မောင်နဲ့ပက်သတ်ရင် မောင်တည်ရှိနေတဲ့ဖြစ်တည်မှု့လေးကအစ ကိုယ်ချစ်တယ် အဲ့တာကြောင့် ကိုယ်ပေးမယ့်အကြောင်းပြချက်ကများလွန်းလို့ မောင် မှတ်မိနိုင်မယ်မထင်ဘူး "

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now