16++( part-2) zawgyi

Start from the beginning
                                    

ဂုတ်မှာသွေးတွေအပြင်ပါးစပ်မှာ
လည်းသွေးတွေပေကျံနေတဲ့ ကင်ထယ်ယောင်း

အကိုက်ခံထားလို့ နာကျင်နေတဲ့အပြင်
သူ့တစ်ကိုယ်လုံးကထုံသလိုလို ဓာတ်လိုက်သလိုလို တစ်ချက်တစ်ချက်ကျင်ကျင်လာတဲ့
အပြင် တစ်ကိုယ်လုံးကမလှုပ်နိုင်ဘူး
သို့သော် သူချစ်ရတဲ့သူကိုပဲ မျက်လုံးထဲမှာမြင်နေရတော့

ပါးစပ်ကပါကယောင်ကတမ်းနဲ့
ပြောနေတယ်

"Noona. ...Noo. ...na. .အာ့..noo. .na
အစ်...အဟွတ် အဟွတ်..."

"ထယ်ယောင်း ရှီး
ဘယ်...လို...ဖြစ်..."

ထယ်ယောင်းကိုမြင်တော့လန့်သွားတဲ့
အပြင်ကြောက်ပါကြောက်သွားတယ်

ဆေးရုံကို ဖုန်းဆက်ဖို့အပြင်

ဟိုဘီကိုမော့ကြည့်ရင်းတိုးတိုးလေး
"နာ.....တယ်"

"ဟင်..... ခဏလေးနော်.... ဆေးရုံကားခေါ်ပေးမယ်"
ကမန်းကတမ်း နဲ့ဖုန်းကိုဖွင့်ပြီး
ဆေးရုံကားခေါ်ဖို့ နံပါတ်နှိတ်တာ
လက်တွေကတုန်နေတော့ နံပါတ်တွေမှားနှိပ်မိ တဲ့အပြင် မှားနှိပ်မိတဲ့ကိုယ်ကိုပါဒေါသထွက်
လာတယ်

ဆေးရုံကိုဖုန်းဝင်သွားတော့
တူ...........တူ...........

"ဟယ်လို....."

"ဟယ်....ဟယ်လို.....ရှင်းဆန် အနှပညာ
ကျောင်း"

ဘုတ်💥
ဖုန်းပြုတ်ကျသွားပြီး
"အာ့"

ဟိုဘီတစ်ယောက်နောက်ပြန်လန်ကျ
သွားတဲ့အပြင် ဟိုဘီအပေါ်

ကျားသဖွယ်ခုန်အုတ်လိုက်တဲ့
ထယ်ယောင်း

"ထယ်.....ထယ်ယောင်း...."
အသံတွေတုန်လာပြီး

ထယ်ယောင်း တစ်ယောက် မျက်လုံးက
သာမန်မြင်နေကျမျက်လုံးအရောင်
မဟုတ်ဘဲ....မျက်လုံးတစ်ခုလုံး...
အရမ်းရောင် ဖျော့ဖျော့လေးသန်းလာတယ်

လှတယ်....သို့သော်
ကြောက်ဖို့ကောင်းတယ်

အစာငတ်မွတ်နေသည့် သတ္တာဝါ
သဖွယ်ကြည့်နေတဲ့အပြင်
အပြေးအလွှားပြေးလာရလို့
မောဟိုက်နေသည့်အလား
အသံရှူသံက ပြင်းသတဲ့ပြင်းလာတယ်

ထိုစဉ်
ဟိုဘီရဲ့ လည်ပင်နားကပ်လာတော့
အသံရှူသံတွေကနားနဲ့နီးကပ်လာတယ်
လေငွေ့တွေကလည်း လည်ပင်းကိုလာရိုက်နေတော့သည်။

🥀As You Like🔥Where stories live. Discover now