" ဦး လို့.."

"အ့. "

"ဦး.."

ဘာမှ ပြန်မပြော။

"ဦး ကို အရမ်း ချစ်တယ်."

နည်းနည်းပြုံးသွား။

"ဦး ကိုလွမ်းနေတာ."

မေလျန်းကို ကြည့်ပြီး.ဘာမှ မပြောသေး။

" သတိရတယ်လို့..ဦးက လည်း စိတ်မကောက်နဲ့နော်."

"ဘယ်သူက ကောက်နေလို့လဲ"

"ဟက်...မကောက်တဲ့ပုံကလည်း..ကောက်နေသလိုပဲနော် "

"​ပြောပါအုံး..ဒီထိလိုက်လာတာ"

"လွမ်းလို့ "

ရှောင်းခွမ်ဟွိုက်.. မျက်နှာကြီး နီကာ.ပြုံးရောင်သမ်းသွားသည်။

"ပြီးတော့..ပြောစရာရှိလို့.
ခွင့်တောင်းစရာ."

"ဘာလုပ်အုံးမို့လဲ"

"ကျောင်းက.ပျော်ပွဲစားခရီး သွားရမယ်တဲ့ အဲ့တာ လိုက်သွားမို့ "

"မလိုက်ရပါဘူး''

မေလျန်း မျက်ရည်တွေ.ပိုးပိုးပေါက်က်သွား
ကြိုလေ့ကျင့်ထားတာ.ဦး ရဲ့ အကွက်တွေသိလို့.

"အီး..ဟင့်..ဟင့်...သူများတွေ အကုန်သွားတယ်.
မေလျန်းကပဲ လူရာမဝင် မသွားရဘူး "

ရှောင်းခွမ်ဟွိုက်ကတော့ ဘယ်လိုပြောပြော ပေးမသွားဘူး..စိတ်မချဘူး.အဝေးမှာမထားချင်ဘူး.

မေလျန်း ငိုယို​ေတာင်းပန်..သနားဇာတ်လေးခင်းလိုက်တော့လဲ အလိုမလိုက်ပဲ မနေနိူင်ပေါင်.မုန့်ဖိုးတောင်ပေးလိုက်ရပါသေးတယ်။

ညနေတူတူ ပြန်လာကြပြီး ဂျောင်ရွှယ်မုံ့က.ညနေစာ.ဖိတ်ကျွေးပါရစေ ဆိုလို့.ဦးနှင့်အတူသွားရန်.သဘောတူလိုက်သည်။
ဦး အစက.ငြင်းဆန်နေသေးပေမယ့်.မေလျန်းဆန္ဒဖြစ်သွားတာပဲ။

  Vîllïañ's Wïšĥ ~ Arc[2]💜[3]💜[4]💜[5]Where stories live. Discover now