အပိုင်း(၁၆)

Mulai dari awal
                                    

ရိပေါ် က တခစ်ခစ်ရယ်မိတော့သည်၊၊

" ငါ ကလေးဆန်လွန်းနေလား "

ထိုသို့မေးတော့ ရှောင်းကျန့် က ရိပေါ် နားထင်နားက ဆံပင်စ လေးတွေကို လက်နဲ့ နားနောက် ပို့ရင်း ချစ်မဝတဲ့ ချစ်မျက်ဝန်းတွေနှင့် ကြည့်တော့သည်၊၊ ရှောင်းကျန့် အကြည့်တွေက သူ့ကို အနေရခက်စေသည်၊၊

"ကိုယ့် ရှေ့မှာ ဘာပဲ လုပ်လုပ် ရတယ်၊၊ တစ်ပါးသူရှေ့တော့ အဲ့လို အမူအရာ လေးတွေ လုပ်မပြနဲ့၊၊ ကိုယ် သဝန်တိုတယ် "

" ငါက မင်းအပိုင် မဟုတ်ဘူး၊၊ ငါက မင်းနှလုံးသား ဝိညာဉ် ၊ မင်းက ငါ့ အပိုင် ၊ မင်းနဲ့ ပက်သက်သမျှ တွေက ငါ နဲ့သာ သက်ဆိုင်တယ်နော် "

" လူလည်လေးကွာ ၊၊ ချစ်လွန်းလို့ သိမ်းထားချင်မိတော့တယ် "

ဝမ်ရိပေါ် က ရှောင်းကျန့် မေးဖျားကို သူ့ လက်ဖျားနဲ့ တို့ထိပြီး

" မင်း နဲ့သာ အတူရှိနေရရင် ငါ့ ဘဝ နေဝင်ချိန် တွေထိ နောင်တမရဘဲ နေသွားမှာ "

" ဝမ် အများကြီး မတွေးပါနဲ့၊၊ ဝမ် အနားမှာ ကိုယ်က ကြိုးနီလေး ယှက်သွယ် ထားသလို အမြဲ ရှိနေမှာ "

ရိပေါ် က ဘာလို့မှန်း မသိ၊ ရင်ထဲ မသာယာနိုင်ဘူး ဖြစ်နေသည်၊၊ ကိုယ်ဝန်ကြောင့်မို့လား၊ တစ်စုံတစ်ခုကြောင့်လား ဆိုတာ သူ မဝေခွဲတတ်တော့ပေ၊၊

" အစ်ကိုဝမ် ဗိုက်က ဖောင်းနေတာပဲ ဟိ ဟိ "

ဖန်ရှင်းက ရိပေါ် ကို အဖော်ပြုဖို့ ဆိုပြီး အမြဲ လာတတ်ပေမဲ့ စကားများပြီး နည်းနည်း ဆော့တာကလွဲရင် အဆင်ပြေပါတယ်၊၊ ဟိုတစ်ခါက သူတို့ အိပ်ဆောင်က ကြွေအိုးလေးက ဖန်ရှင်း လက်ချက် နဲ့ ကွဲသွားသည်၊၊

ရှောင်းကျန့် က အပြစ်ပေးမည် လုပ်တော့ ရိပေါ် က တားယူရသည်၊၊ ဆရာတူအစ်ကို၏ ယောက်ဖလေးမို့ အားလည်းနာပြီး စိတ်ဆိုးပေမဲ့ပေါ့၊၊

" ဖန်ဖန် "

" ဗျာ "

" အစ်ကို အနားယူတော့မယ် "

" အာ ဟုတ်ကဲ့ ကျွန်တော် သွားတော့မယ် "

ရိပေါ် ကို လက်ပြနှုတ်ဆက်ကာ သူက ထွက်သွားသည်၊၊ ရိပေါ် နဲ့ ဖန်ရှင်း က တူတာ များသလိုပါပဲ၊၊ ရိပေါ် ကလည်း အရင်တုန်းက စပ်စုစိန်လေးလေ၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Tempat cerita menjadi hidup. Temukan sekarang