အပိုင်း(၁၄)

3.9K 415 21
                                    

Zawgyi

အပိုင်း(၁၄) အူပုပ်ကလေး

ရှောင်းကျန့် က ကလေးရတော့မယ်ဆိုပြီး ပျော်နေတာ အရူးအတိုင်းပဲ၊၊ နန်းတော်ကို ရောက်ကတည်းက  ရိပေါ် က ဘယ်မှ မသွားရ၊၊ အဆောင်မှာပဲ အိပ်လိုက်၊ စားလိုက်နဲ့ ဘဝကြီးကို ဖြတ်သန်းနေရသည်၊၊ ယောက်ျား က သဲသဲလှုပ် ချစ်နေမှတော့ ဘဝင်မြင့်ချင်သွားသည်၊၊ ခက်တာက သူက သူ့အစ်ကိုတော်ထက် အရင် လက်ထပ်ရပြီး ကလေးတောင် မွေးရတော့မည်၊၊ နောက်ကား ကျော်တက်သလို ဖြစ်သွားလား၊၊

ရိပေါ် က ပျင်းလွန်း၍ တောင်တွေး၊ မြောက်တွေး အတွေးတွေက သူ့ ခေါင်းထဲ ဝင်ဝင်လာသည်၊၊

ရှောင်းကျန့် က သူ့ကို အပြင်ပါ မထွက်ခိုင်းတော့ ရှောင်းကျန့် သူ့ထက် လှတဲ့ အိုမီဂါတွေနဲ့ တွေ့နေမလား ဆိုတဲ့ အတွေးက သူ့ကို ထိတ်လန့်စေသည်၊၊

နောက်ပြီး ကလေးမွေးတာ၊၊ ကလေးမွေးရင် သိပ်နာကြတာတဲ့၊၊ သေမင်းနဲ့တောင် စစ်ခင်းရတယ် ဆိုလား၊၊ နောက်ပြီး ကိုယ်ဝန်ဆောင်တုန်း အစားအသောက် ၊ အလေးအပင့်က အစ သတိထားရတယ်၊၊ ရိပေါ် ဗိုက်ကြီး ဖောင်းလာရင် မလှဘဲနေတော့မှာ၊၊ အဲ့ခါကျ ရှောင်းကျန့် က ပစ်သွားမှာပေါ့၊၊

ရှောင်းကျန့် သူ့ကို ချစ်တယ်ဆိုတာ သိပေမဲ့ ယောက်ျားတို့ စိတ်က အလှပဂေးလေးတွေ မြင်ရင် ကြောင်ချင်တတ်တာ ဗီဇသဘာဝလေ၊၊ မဖြစ်သေးပါဘူး၊၊ ရှောင်းကျန့် လို အယ်ဖောလ် ချောကြီးက ဝမ်ရိပေါ် အပိုင်ပဲ၊၊ ဘယ်သူမှ မပေးနိုင်ဘူး၊၊ ရှောင်းကျန့် ကို လာထိရင် ဝမ်ရိပေါ် ဓားစာ မိသွားမယ် ဟွန်း၊၊

ကိုယ်ဝန် က ၁၀ရက်ပဲ ရှိသေးပေမဲ့ နဂို စိတ်ဆတ်တဲ့ စိတ်ကြောင့်ရော ရိပေါ် က ဘာကိုမှန်း မသိ စိတ်ဆိုးချင်သည်၊၊ ရှောင်းကျန့် အချိုးတွေကလည်း သူကြည့်မရတော့၊၊ အနားမှာ တစ်စက္ကန့်စာ ဝေးတာတောင် လွမ်းလွန်းလို့ ငိုချင်လာတာပဲ ဟင့်၊၊

ရိပေါ် က တွေးရင်းနဲ့ မတ်တတ် ရပ်လိုက်ရင်း ခြေလှမ်းရာ ဝတ်ရုံစကြီး နင်းမိပြီး လူက ယိုင်လဲ သွားသည်၊၊ ကံကောင်းတာက ခုံလေးကို အမှီ ကိုင်နိုင်ပေမဲ့ ခြေထောက်က လည်သွားသည်၊၊ ခြေထောက်ကနာ ၊ လူက စိတ်တိုတာနဲ့ ဒေါသတွေ တလိပ်လိပ် တက်လာသည်၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now