မေးခွန်းသတ်တယ်လို့ပဲ ဆိုရမလား....
သွန်းမာန် အဲ့အကြောင်းတကယ် မပြောချင်...

မေမေက တောင်းဆိုမှုတစ်ခုလုပ်ခဲ့ပြီး
သွန်းမာန် မလိုက်လျောခဲ့ရင်
မင်္ဂလာဆောင်ဖို့ကို အသိမှတ်မပြုသည့်အပြင် မင်္ဂလာပွဲ မတိုင်ခင်က ကြိုးလေး အပြုမူကို
မြင်လိုက် ရတာကြောင့် ပြန်စဉ်းစားပေးပါလို့
မပြန်ခင်
ထပ်တလဲလဲ မှာသွားသေးတာ...

မေမေ တောင်းဆိုတာ တစ်ခုတည်း....
.
.
.
ကြိုးလေးကို သွန်းမာန် မချစ်တာ ....
မဟုတ်ဘူး မချစ်နိုင်တာ ကြိုးလေး သိစေဖို့ပင်....
.
.
.
သူ့အပေါ် အရမ်းမျှော်လင့်ထားတဲ့ ကြိုးလေး
အရမ်းနာကျင်သွားမှာလေ...
.
ဒီကလေး အပေါ် သူကပါ မဖြစ်မနေ ရက်စက်မိ
သွားလေမလား ဆိုတဲ့ အတွေးက
သေလောက်အောင် နှိပ်စက်နေတာ....

ဒါပေမယ့်.....

ဘဝတစ်ခု အတူ ထူထောင်ကြမယ့် သူအချင်းချင်း
ပွင့်လင်းမှု မရှိတဲ့အခါ Broken family
ကြိုးလေးအတွက် ပိုနာကျင်စရာ ဖြစ်နေမလား

သူတကယ်ဝေခွဲရခက်နေပါသည်လေ....

" ခင်ဗျားမလည်း တစ်ခုခု မေးတော့မယ်ဆိုရင်
သေတော့မလို မျက်နှာနဲ့ ... ဒီက ကောင်က
သနားပြီး ဆက်မမေးရက်တော့ပြန်ဘူး "

" ကိစ္စရှိလို့ပါ..."
.
.
လေပြည်တိုးသံမှအပါး တိတ်ဆိတ်လျက်...
.
.

" ကျွန်တော့်ကို ခင်ဗျား မချစ်သေးဘူးပဲ ကိုးမာန် "
" ဟင်?"

" ချစ်ရင် အဲ့လောက်မတွေဝေဘူးလေ....
မချစ်တော့ ဝေခွဲရခက်နေမှာပေါ့ "

" ကြိုးလေး "

" ဝန်တော့ မခံလိုက်ပါနဲ့ ကိုးမာန်ရယ် ....
သိပေမယ့် လက်မခံချင်လို့ပါ "

ကြွေ ခပ်သော့သော့လေး ရယ်ရင်း
မတ်တပ်ထရပ်လိုက်သည်။

" ငါတို့ သေချာဆွေးနွေးရအောင် ကြိုးလေး "

" ဟင့်အင်း.... ထပ်ပြီး ရှောင်ပြေးလိုက်ဦးမယ် ကိုးမာန်.... ကျွန်တော်မောသွားတဲ့ တစ်နေ့မှပေါ့"

ဖုန်ခါပြီး လိမ္မော်သီး အိတ်လေး လက်ကဆွဲလို့
ကြွေ ထွက်သွားတာကို သွန်းမာန် မတားမိပါ...

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Donde viven las historias. Descúbrelo ahora