Ep- 1

21K 1.4K 63
                                    


" mommy မင်္ဂလာပွဲကို သားလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး "

" ummm......"

" အခုလို အသိမှတ်ပြုပေးတာ ကျေးဇူးတင်ပါတယ် ကြွေ"

" ummm...... အရသာရှိလိုက်တာ ဒီ wedding cake အရသာကိုတော့ ကျွန်တော် သဘောကျသွားပြီ mommy"

Cake အရသာရှိကြောင်းပြောတာလေးကို
mommy နဲ့ mommy ရဲ့ ခင်ပွန်းလောင်းတို့ကတော့ နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ တုံ့ပြန်လျက်...

ရော်......ခက်တော့နေပါပြီ...

wedding ကို ဂုဏ်ပြုဖို့လာတာမဟုတ်ပဲ
အရသာရှိတာတွေ စားချင်လို့လာတာ မယုံကြဘူးလားမသိ...

" ကြွေ ~~"

လှလှလေး လှီးထားတဲ့ Cake မုန့်လေးကို ဇွန်းနဲ့ အသာဖြတ်နေရင်း mommy စကားကို နားစွင့်နေလိုက်သည်။

" ဒီကိုလာတာ သားDaddy သိလား?"

ရပ်တန့်မိမလို ဖြစ်သွားတဲ့ လှုပ်ရှားမှုတွေ......
ရုတ်ချည်းပျောက်ကွယ်လုနီးနီးဖြစ်သွားတဲ့ မျက်နှာပေါ်က အပြုံး......

ချက်ချင်း ပြန်ပြောင်းလဲသွားတဲ့ ပေါ့ပါးတဲ့ အပြုံးလေးနဲ့ မျက်နှာလေး......
Cake မုန့်ကို ဇွန်းနဲ့ခပ်ရင်းကနေ...

" ဒီလိုနေ့မျိုးမှာ Daddy အကြောင်းမမေးသင့်ဘူး mommy ~~~~~ uncle ကို အားနာသင့်တယ်"

ကြွေ့ စကားကြောင့် ဒေါ်ကြွေရွက်ဝါ အားတုံ့အားနာ ဖြစ်သွားရသည်။
ဒေါ်ကြွေရွက်ဝါ ရဲ့ ခင်ပွန်းအသစ်ဖြစ်တဲ့ ဦးမျိုးမင်း ဆိုသူကတော့ အရာရာ သည်းခံနိုင်သူ မျက်နှာမျိုးနှင့် ခပ်ပြုံးပြုံးလေး ရှိနေလေသည်။

ဘေးနားမှာရှိနေတဲ့ မင်္ဂလာပွဲလာ လူတစ်ချို့ကသာ အချင်းချင်းတီးတိုးဝေဖန်နေကြပုံပင်...

မိခင်ရဲ့ အိမ်ထောင်သစ်ထူပွဲကို မယားပါသားရောက်လာပြီး ဂုဏ်ပြုပေးတာက သတင်းကြီးတစ်ပုဒ်ဖြစ်သွားမယ်မှန်း ကြွေမထင်ခဲ့ပါ......

ဂရုမစိုက်တာဟု ဆိုလျှင် ပိုမှနိမလားမသိ...

" Uncle က ဘာမှမဖြစ်ပါဘူး ~~ ကြွေ့ mommy နဲ့ uncle ကသာ အားနာနေတာ"

" huh???why??"

Cake ပန်းကန်လေးကို စားပွဲပေါ်တင်လိုက်ကာ tissue စလေးနဲ့ နှုတ်ခမ်းသုတ်ရင်း မေးနေဟန်က တကယ့်ကို ဘာမှ မသိသည့် ယုန်သူငယ်လေးအလား......

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now