October 3rd...,
ပြက္ခဒိန်က ဖော်ပြနေတဲ့ ရက်စွဲလေးကို ကြွေ အတော်ကြာ စိုက်ကြည့်နေမိသည်။
တစ်နှစ် တစ်နှစ် ဒီရက်ပြန်ရောက်လာတာ
မြန်ဆန်လွန်းနေသလားပဲ...
အေးပေါ့လေ......... အချိန်က ရပ်တန့်နေတာမှ မဟုတ်တာ......ဒီရက်ရောက်တိုင်း ကြွေ့စိတ်တွေလေးလံ ထိုင်းမှိုင်းရတာ နှစ်တိုင်း......
ဟူးးးးးးးးးးးးး
ring * ring *
ရုတ်တရက် ထမြည်လာသော ph သံကြောင့် ကြွေ ph screen ကို ငုံ့ကြည့်လိုက်တော့
ထင်တဲ့အတိုင်း............ ကိုးမာန်...ဒီနေ့အတွက် ကိုးမာန် အပါဝင် ဘယ်သူနဲ့မှ စကားပြောချင်စိတ်မရှိသော်လည်း .........
မသိစိတ်ရဲ့ စေစားမှုကြောင့် ph ကိုင်လိုက်မိသည်လေ...
" morning ကြိုးလေး"
အမြဲရွှင်ပျတည်ငြိမ် နေတဲ့ ကိုးမာန်ရဲ့အသံ...
" မနက် အတန်းချိန် လာတက်မှာမလား ကျောင်းမှာစောင့်နေမယ်"
" ကိုးမာန်..."
" အင်း......ပြောလေ"
" ကျွန်တော် ဒီနေ့ ကျောင်းမလာဘူး"
" ဟင်? ဘာဖြစ်လို့လဲ? နေမကောင်းလို့လား? ဒါမှမဟုတ် အိမ်မှာ ကိစ္စတစ်ခုခုများရှိလို့လား??"
ဟင်းးး
ကြွေ သက်ပြင်းလေးသဲ့သဲ့ချလိုက်မိသည်။
ကိုးမာန် ဆိုတာ ဒီလိုလူမျိုးပင်......စတွေ့ခါစတုန်းကတော့ အေးတိအေးစက် နိုင်ပေမယ့်......
အခုတော့ တစ်ခုခုဆိုလျှင် မဆုံးနိုင်သော မေးခွန်းတွေနဲ့ စိုးရိမ်တက်လွန်းသူ......အဲ့လို စိုးရိမ်ခံရတာကို သဘောကျပေမယ့်
ဒီနေ့အတွက်ကတော့ အနည်းငယ် စိတ်ညစ်ငြူးစရာဖြစ်နေတာကြောင့်......"ဘာမှမဖြစ်လို့ စိတ်မပူပါနဲ့...
ဒီနေ့ ဘယ်သူနဲ့မှ စကားပြောချင်စိတ်မရှိလို့ ......ကိုးမာန် လည်း ph ထပ်မဆက်ပါနဲ့ ......
စိတ်ဆိုးမိလိမ့်မယ် "ပြောပြီးတာနဲ့ ကြွေ ph ချပြီး အိပ်ရာပေါ် ပြန်လှဲချလိုက်မိသည်။
မျက်လုံးအကြည့်တွေကတော့ အိပ်ရာဘေး စားပွဲပေါ်က ပြက္ခဒိန် ဆီကမရွေ့......
YOU ARE READING
ကွှကွေိုး ကြွေကြိုး (Zawgyi+Unicode)
Teen Fictionစိတ်ကူး အိမ်မက် နဲ့ လက်တွေ့ အားလုံးမှာ ဖြစ်တည်မှုက ချည်နှောင်ထားတဲ့ ကြိုး ကြွေ ကြိုး စိတ်ကူး အိမ်မက် နဲ့ လက်တွေ့ အားလုံးမှာ ဖြစ်တည်မှုက ချည်နှောင်ထားတဲ့ ကြိုး ကြွေ ကြိုး