Part - 28

6.6K 1K 120
                                    

ဆူးလေ ခန်းမရှေ့က ပလက်ဖောင်းလေးမှာ ငုပ်တုပ်လေးထိုင်နေတဲ့ ကြိုးလေးကို သွန်းမာန် ကားပါကင် မထိုးရခင်ကတည်းက တွေ့လိုက်ရတာ...

ပါကင်ထိုးပြီး လာတော့လည်း.... ထိုနေရာမှာပဲ ဟိုသည် ငေးမောရင်း နေနေတဲ့ ကောင်လေး....

သွန်းမာန် ဘာစကားမှ မဆိုပဲ ကြိုးလေးဘေး ဝင်ထိုင်လိုက်တော့...
အံအားသင့်သွားသလို မျက်နှာလေးနဲ့ လှည့်ကြည့်လာလေသည်။

" ဒီလိုနေရာမှာတောင် လာထိုင်နေတယ်ဆိုတော့ တော် တော်လေး စိတ်ညစ်နေတာ အမှန်ပဲကိုး..."

ဟင်း....

သွန်းမာန် ဘာမှမပြောသေးပဲ သက်ပြင်းအရင်ချလိုက်သည်။

" အင်း.... စိတ်ညစ်တယ် ကြိုးလေး...''

" စိတ်ညစ်တာလား.... စိတ်ရှုပ်တာလား.... ကိုးမာန်..??''

ကြိုးလေးရဲ့ အမေးစကားကြောင့် သွန်းမာန် မျက်မှောင် တစ်ချက်ကျုံ့သွားပြီး...

" ဘာကွာလို့လဲ??"

ကြိုးလေး တစ်​ချက်​ပြုံးသွာပြီး...

" စိတ်​ညစ်တာက နည်းနည်းရိုးသားတယိ.. မမျှော်လင့်ထားတဲ့ ဆိုးရွားမှုတွေ ကြုံရလို့ ကြည်နေတဲ့ ရေပြင်လေး အနည် ထသွားရုံလောက်ပဲ.....

စိတ်ရှုပ်တာကကျတော့... အတ္တပါတယ်.... ဒါလုပ်ရင် ဒီလိုဖြစ်မှာကို သိရက်နဲ့ လုပ်လို့ ခံစားရတာ......အနည်ထိုင်နေတဲ့ ရေပြင်ကို ဇွန်းနဲ့မွှေလိုက်သလိုပဲ... နဂိုအတိုင်းပြန်ဖြစ်ဖို့ အချိန်ပိုလိုတာပေါ့.."

ကြိုးလေးရဲ့ စကားကြောင့် သွန်းမာန် တစ်ချက်ငြိမ်သွားပြီး
.....

" ငါစိတ်ညစ်နေတာပါ....''

ကြွေ မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်ပြီး...

" လိမ်ပြန်ပြီ... ''

" မင်းက အကြားမြင်ရနေတာလား ကြိုးလေး...?? ငါ လိမ် လား... မလိမ်လား မင်းဘယ်လိုသိလဲ??''

ကိုးမာန်လေသံ အနည်းငယ် မာလာပေမယ့် ကြွေ ဘာ
မှပြန်မပြောပဲ ပြုံးပဲ ပြုံးနေလေသည်။

" ငါ လူတိုင်းအပေါ်ရိုးသားခဲ့တယ်..... ဘယ်သူ့အပေါ်ကိုမှ စိတ်နဲ့တောင် မယုတ်မာဖူးဘူး!!! ဒါပေမယ့်.. ငါ့အတွက်
ပြန်ရလာတာတွေက ဘယ်တော့မှ မရိုးရှင်းဘူး.....!!! အမြဲရှုပ်ထွေးနေတယ်!!!!ငါ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး...!!! ငါ..... ငါ အရမ်းကို မွန်းကျပ်နေပြီ''
.
.
.
.
.
.
ဒေါသ သံတွေ ရောစွက်နေတဲ့ ကိုးမာန် စကားတွေ
ဆက်တိုက်ပြောပြီး ငြိမ်သွားတော့မှ...
ကြွေ စကားစလိုက်သည်။
.
.
.
.

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now