မိုးမလင်းခင်ကတည်းက ကြိုးလေး ကောင်းမှုနဲ့ မြစ်ကမ်းနား ထိပ်က ဗူးဘုရားကို ရောက်နေခဲ့တာ......
အိပ်ရာစောစော ထရတာ ပြသနာမဟုတ်ပေမယ့် ညက ရုပ်သေးပွဲကအပြန် မေမေတို့နဲ့ ph ပြောတာ ကြာသွားတာကြောင့် .........
သွန်းမာန် အိပ်ရေးမဝပဲ ခေါင်းကိုက်နေရလေသည်။
သွန်းမာန် နဲ့ ဆန့်ကျင်ဘက် ကြိုးလေးကတော့ တက်ကြွစွာနဲ့ ဘုရားရင်ပြင်ကနေ မြစ်ရေပြင်ကို ငေးနေလိုက်တာ......
ဘေးမှာ သွန်းမာန် ရှိနေတာတောင် သတိရပါလေစ..." အိပ်ငိုက်မနေနဲ့နော် ကိုးမာန်
နေထွက်တာ ကြည့်ရအောင်ခေါ်လာတာ...... သေချာကြည့်"သွန်းမာန် အတွေးကို သိနေသည့်အလား စကားဆိုလာတဲ့ ကြိုးလေး...
" မငိုက်ပါဘူးကွာ......... ခေါင်းသိပ်မကြည်လို့ပါ"
" နေရောင် တရိပ်ရိပ်သန်းလာတာ တော်တော်လှတယ်နော်"
ကြိုးလေးပြောမှ သွန်းမာန် သေချာကြည့်လိုက်မိသည်။
မြစ်ရေပြင်ပေါ် တဖြည်းဖြည်း ဖျာကျလာသော နေရောင် ရဲ့နွေးထွေးသက်ဝင်မှုက တော်တော်လေးကို လှပနေလိုက်တာ......
ခေါင်းနောက်နေတာတောင် ဘယ်ပျောက်သွားမှန်းမသိ။
အရုဏ်ဦးဆိုတာ ဒါမျိုးတဲ့လား??
" မှောင်နေရာကနေ တစ်ရိပ်ရိပ် လင်းလက်လာတာ တကယ်လှတယ်......
ညနေ ဆည်းဆာလိုပဲ"" ဆည်းဆာက လှပေမယ့် အဆုံးသတ်ပဲလေ ဘယ်လောက်လှလှ အဆုံးသတ်ရောက်ခါနီးနေတာကို သတိပေးနေသလိုပဲ...
ပင်ပန်းလွန်းလို့ အနားယူသင့်နေတဲ့အကြောင်း အမှောင်က ရှေ့ပြေး ကြိုလွှတ်လိုက်သလို ခံစားရတယ်...အရုဏ်ဦးကျတော့ မှောင်နေရာကနေ လင်းလာတာ... နေ့တစ်နေ့ရဲ့အစပြုချိန် ဆိုတော့ အနည်းဆုံး မျှော်လင့်ချက်တွေနဲ့ အားတက်စေတယ်လေ... ဖြစ်တာမဖြစ်တာကတော့ အကြောင်းတရား တစ်ခုပေါ့"
သွန်းမာန် ပြုံးလိုက်မိသည်။
မှန်သလိုလိုရှိပေမယ့်......
ဒီကောင်လေးကို လွယ်လွယ် အလျှော့မပေးချင်။
ΔΙΑΒΑΖΕΙΣ
ကွှကွေိုး ကြွေကြိုး (Zawgyi+Unicode)