Part 2

1.1K 116 77
                                    

"ထစမ်း!!"

"ဘယ်လိုလူပါလိမ့်...ထလို့ပြောနေတယ်!!!"

Harry ခေါင်းကလက်နဲ့ဖိလျက် ဆူညံနေသောအသံကြားက နိုးလာခဲ့သည်။ မျက်စိဖွင့်ဖွင့်ချင်း ဝေဝါးနေတာကြောင့် ဘေးနားက မျက်မှန်ကိုယူကာတက်လိုက်သည်။ တွေ့လိုက်ရတာက အထက်တန်းမိသားစုကဆင်းသက်လာသည်ဟု ထင်ရသည့် အမျိူးသမီးတစ်ဦး။

"ဒါထောင်လားဟင်"

"အို...ဒီလောက်မြင့်မြတ်ပြီးအဆင့်တန်းရှိတဲ့နေရာကို ညစ်ပတ်ပြီးရွံဖို့ကောင်းတဲ့နေရာနဲ့ နှိုင်းရဲလှချည်လား!"

ထိုအမျိုးသမီးသည် ပိုးသားလက်အိတ်အားဝတ်ဆင်ထားကာ လက်ကိုင်ပုဝါတထည်ကို တရမ်းရမ်းဖြင့် ဒေါသထွက်နေသည်။ ခန္ဓာကိုယ်မှာဝတ်ဆင်ထားတဲ့ ရတနာများဟာ Harry ကိုမျက်စိကျိန်းအောင်လုပ်နေတာကြောင့် မျက်လုံးကိုလက်နဲ့ကာလိုက်သည်။

"မင်းဘယ်သူလဲ
ဘာလို့ ဒီအိပ်ခန်းထဲရောက်နေရတာလဲ!"

အမျိူးသမီးသည် ဆိုးထားတဲ့နှုတ်ခမ်းနီအရောင်နဲ့လိုက်ဖက်အောင် အကြည့်တို့ကစူးရဲလှ၏။
သူမကိုကြည့်ရတာ Harry ဒီအခန်းထဲရောက်နေလို့ အလွန်သဘောမကျတဲ့ပုံဖြစ်နေသည်။

"ကျွန်တော်လည်းမသိဘူး
ထောင်ကျပြီထင်လိုက်တာ
နိုးတော့ ဒီအခန်းထဲရောက်နေတယ်"

"တော်တော်ကိုပဲ!!!"

စွေ့စွေ့ခုန်တော့မည့်အလား ရှေ့တိုးလာတာကြောင့် Harry ကုတင်ပေါ်ကဆင်းကာ မတ်တပ်ရပ်လိုက်သည်။ ကိုယ့်ဘာသာကိုယ်တောင် ဘယ်နေရာရောက်နေမှန်းမသိတာကို ဒီအထက်တန်းအမျိူးသမီးရဲ့ရန်မူတာကိုခံရတော့မည်။

"အခန်းထဲကထွက်သွားစမ်း Rosy!!"

"Sweetheart...ဒီကောင်လေးကအရိုင်းအစိုင်း..."

"မရှင်းပြနဲ့ ငါသွားဆိုသွားလိုက်"

ဘယ်လိုတောင်ကြက်သီးထဖွယ်မြင်ကွင်းလဲ။
အလွန်စွာတေးလန်လှသော ထိုအမျိူးသမီးအား ယောကျ်ားတစ်ဦးက သြဇာသံအပြည့်ဖြင့်မောင်းထုတ်နေသည်။ ထိုလူရဲ့အသံကို ခပ်စွာစွာအမျိူးသမီးကြောက်ရတယ် ထင်ပါရဲ့။

My Half-blood PrinceWhere stories live. Discover now