မနက်နိုးနိုးချင်း ရေထချိုးပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့ရာလုပ်ရမည်။ တခြားအလုပ်ကိစ္စရယ်လို့မဟုတ်။ Harry ရဲ့ကျောင်းကိစ္စတွေ ဖောင်ဖြည့်ပေးဖို့သာ။ ဘာဆိုဘာမှမရှိတဲ့ဘဝလေးကို အလင်းလေးပြပေးချင်ရုံသာ။ သူရဲ့တိပ်အထပ်ထပ်နဲ့မျက်မှန်ကို ရွှေကိုင်းအစစ်နဲ့ လုပ်ထားတဲ့မျက်မှန်လေးအစားထိုးပေးထားတာ သူမသိသေးဘူး။
"အူး....ဝါး!!!"
အခန်းထဲကအသံကြားလို့ သွားကြည့်နေတော့ Harry နိုးနေပြီ။ အင်္ကျီကြယ်သီးတွေပြုတ်ပြီး မျက်နှာကအစ်ဖောင်းနေလေရဲ့။
ဖရိုဖရဲနဲ့ထလာပေမဲ့ Severus အမြင်မှာ ဆွဲဖတ်ထားချင်စရာ။ မျက်မှန်ကိုယူမကြည့်သေးပဲ မျက်လုံးကအထပ်ထပ်အခါခါ ပွတ်ပြီးမှ...."ဦး!!"
"အင်း"
"ဟင်...အိပ်ယာပေါ်မှာရှိနေတာလား"
မျက်လုံးမဖွင့်ပဲ ခေါ်ပြီး "ရှိနေတာလား"လုပ်ပြန်ပြီ။
ပွတ်နေတဲ့လက်တွေသိမ်းယူလိုက်ပြီး ဆံပင်တွေကိုနဖူးပေါ်သပ်တင်ပေးလိုက်ကာ ရင်ခွင်ထဲထည့်ဖတ်ထားလိုက်တော့သည်။ ဒါတောင်အိပ်ချင်မူးတူးဖြစ်နေတုန်း။"ထတော့
လန်းသွားအောင်ရေချိုးလိုက်""အင်း...ချိုးပြီးရင်ဘာလုပ်ရမှာလဲ"
"မနက်စာစားမယ်လေ"
"ဟုတ်"
ချက်ချင်းရေချိုးခန်းထဲပြေးဝင်ပြီး ရေပန်းဖွင့်သံကြားလိုက်ရသည်။ Severus တချက်ပြုံးပြီး လှမ်းကြည့်လိုက်သေးတယ်။ ရှက်တက်တဲ့ကောင်လေးက တံခါးပိတ်ထားတဲ့အပြင် အထဲက လိုက်ကာစပါ ထပ်ဆွဲထားသေးတယ်။ အပြင်ထွက်ပြီး ကော်ဖီသောက်ရင်း သတင်းစာတစ်စောင်ယူဖတ်နေလိုက်သည်။
"တနေ့...တနေ့လည်း အနုပညာရှင်တွေအကြောင်းကမပါမဖြစ်..."
Severus သတင်းအားလက်မှပြန်ချပြီး ပါးစပ်မှရေရွတ်လိုက်သည်။ အနုပညာရှင်တွေရဲ့သတင်းတွေပဲထည့်ရေးပြီး တကယ်လိုအပ်တဲ့သတင်းတွေဘယ်ရောက်ကုန်လဲ။ အခုအချိန်မှာ ဘယ်အရာမှအမှန်အတိုင်းမသိရတော့ပေ။
ကော်ဖီတစ်ခွက်ကုန်သွားတိုင်အောင် Harry ပြင်ဆင်လို့မပြီးသေး။ အခန်းထဲလှမ်းကြည့်လိုက် ၊ လက်ပတ်နာရီကိုကြည့်လိုက်ဖြင့် Severus ထိုင်စောင့်နေသည်။